1 of 2JFM Collection · 2 chapters

This film is a perfect introduction to Jesus through the Gospel of Luke. Jesus constantly surprises and confounds people, from His miraculous birth to His rise from the grave. Follow His life through excerpts from the Book of Luke, all the miracles, the teachings, and the passion. God creates everything and loves mankind. But mankind disobeys God. God and mankind are separated, but God loves mankind so much, He arranges redemption for mankind. He sends his Son Jesus to be a perfect sacrifice to make amends for us. Before Jesus arrives, God prepares mankind. Prophets speak of the birth, the life, and the death of Jesus. Jesus attracts attention. He teaches in parables no one really understands, gives sight to the blind, and helps those who no one sees as worth helping. He scares the Jewish leaders, they see him as a threat. So they arrange, through Judas the traitor and their Roman oppressors, for the crucifixion of Jesus. They think the matter is settled. But the women who serve Jesus discover an empty tomb. The disciples panic. When Jesus appears, they doubt He's real. But it's what He proclaimed all along: He is their perfect sacrifice, their Savior, victor over death. He ascends to heaven, telling His followers to tell others about Him and His teachings.

Ask yours

Bible Quotes

Share
Free Resources

Want to understand the Bible more deeply?

Join our Bible study

Transcript

Burmese, Common
လောကကြီးမှာ ဆန့်ကျင်ဘက်အရာတွေ အမြဲတမ်းအတူတူရှိပါတယ်။ ဥပမာ အဖြူရှိရင် အမည်းရှိတယ်။ မင်္ဂလာရှိရင် အမင်္ဂလာရှိတယ်။ ဒါဆိုရင် သင်္ခါရဆိုတာရှိရင် ထာဝရဆိုတာလည်း ရှိမှာပေါ့။ အမြဲထာဝရရှိနေတဲ့အရာကတော့ တစ်လောကလုံးကို ဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်ပါတယ်။ ဘုရားသခင်က မိုးကောင်းကင်ရယ်၊ ကမ္ဘာကြီးရယ်၊ ကမ္ဘာကြီးထဲမှာရှိတဲ့အရာအားလုံးရယ် ဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်တယ်။ ဖန်ဆင်းထားသမျှအရာအားလုံးက အရမ်းအံ့ဩစရာကောင်းပါတယ်။ အရမ်းကောင်းလွန်းလို့ ဘုရားသခင်ရဲ့ကြီးမြတ်တဲ့ဘုန်းတော်နဲ့တန်ခိုးတော်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဘုရားသခင်က အပင်အမျိုးမျိုးနဲ့တိရစ္ဆာန်အမျိုးမျိုး ဖန်ဆင်းခဲ့တယ်။ ပြီးတော့ မြေကြီးနဲ့ လူတစ်ယောက်ပုံစံလုပ်ပြီး နှာခေါင်းထဲကို အသက်ဝိညာဉ် မှုတ်ထည့်လိုက်တယ်။ ဒီတစ်လောကလုံးရဲ့ ပထမဆုံးလူယောက်ျားတစ်ယောက်ကို ဘုရားသခင်က ဖန်ဆင်းလိုက်တယ်။ သူနာမည်က အာဒံလို့ခေါ်တယ်။ ပြီးတော့ အာဒံရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီး အာဒံအတွက် ပါရမီဖြည့်ဘက်လူမိန်းမတစ်ယောက် ဖန်ဆင်းလိုက်တယ်။ သူ့နာမည်က ဧဝလို့ခေါ်တယ်။ ဘုရားသခင်က သူတို့နဲ့အတူ နွေးထွေးတဲ့မိသားစုလေး ဖြစ်လာဖို့ အာဒံနဲ့ဧဝကို သူနဲ့တူအောင် ဖန်ဆင်းထားတာပါ။ အရမ်းသာယာလှပတဲ့ဧဒင်ဥယျာဉ်ကြီးထဲမှာ ဘုရားသခင်နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နေကြတယ်။ အဲဒီမှာ ဆင်းရဲဒုက္ခဆိုတာမရှိဘူး။ သေခြင်းဆိုတာလည်းမရှိဘူး။ အပြစ်ဆိုတာလည်းမရှိဘူး။ ဘုရားသခင်က အာဒံကို "ဥယျာ်ထဲကအပင်အားလုံးရဲ့အသီးတွေ စားချင်သလောက်စား။ ဒီအသီးကိုစားရင်တော့ သေလိမ့်မယ်" လို့ ပြောထားတယ်။ ဒါပေမယ့် တစ်နေ့မှာ မြွေယောင်ဆောင်ထားတဲ့နတ်ဆိုးက အဲဒီအသီးကိုမစားစားအောင် ဧဝကို ဖြားယောင်းသွေးဆောင်တယ်။ ဘုရားသခင်စကားကို နားမထောင်ဘဲ နတ်ဆိုးစကားကိုနားထောင်ပြီး သူတို့နှစ်ယောက်စလုံး အဲဒီအသီးကို စားလိုက်ကြတယ်။ အဲဒါကြောင့် ဘုရားသခင်က သူတို့နှစ်ယောက်စလုံးကို ဥယျာဉ်ကြီးထဲက မောင်းထုတ်လိုက်ပါတယ်။ သူတို့အဖေဖြစ်တဲ့ဘုရားသခင်စကားကို နားမထောင်ဘဲ နတ်ဆိုးစကားကို နားထောင်မိတဲ့အချိန်ကစပြီး အပြစ်ဆိုတာ ဒီလောကကြီးထဲကို ရောက်လာပါတယ်။ အဲဒီအပြစ်ကြောင့် နွေးထွေးတဲ့မိသားစုလေး ပြိုကွဲသွားပါတယ်။ အဲဒီအချိန်ကစပြီး ဆင်းရဲဒုက္ခနဲ့သေခြင်းက သူတို့ဆီကိုရော သူတို့မျိုးနွယ်အားလုံးဆီကိုရော ရောက်လာပါတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ချစ်နေတုန်းပါပဲ သူတို့ခံစားနေရတဲ့ဆင်းရဲဒုက္ခကလွတ်ပြီး သူ့ဆီကိုပြန်လာနိုင်မယ့်နည်းလမ်းကို ဘုရားသခင်ကပြင်ဆင်ထားပါတယ်။ အဖေဖြစ်တဲ့ဘုရားသခင်နဲ့ သားသမီး အာဒံနဲ့ဧဝတို့ရဲ့နွေးထွေးတဲ့မိသားစုလေး ပြန်ဖြစ်ဖို့နည်းလမ်းကို ကျမ်းစာထဲမှာ တွေ့နိုင်ပါတယ်။ ဘုရားသခင်က အာဗြဟံလို့ခေါ်တဲ့လူတစ်ယောက်ကို သူ့နည်းလမ်းအကြောင်း နည်းနည်းပြောပြတယ်။ အာဗြဟံက ဘုရားသခင်ကိုယုံတယ်၊ ရိုသေတယ်။ ဘုရားသခင်က အာဗြဟံကို ကောင်းကြီးပေးပြီး အာဗြဟံကြောင့် လူမျိုးတိုင်းကို ကောင်းကြီးပေးမယ်လို့ ကတိပေးခဲ့တယ်။ အာဗြဟံတို့လင်မယား နှစ်ယောက်တည်းကနေ ပင်လယ်ထဲက သဲပွင့်တွေထက်မကတဲ့၊ မိုးပေါ်ကကြယ်တွေထက်မက ပိုများတဲ့လူမျိုးကြီးဖြစ်အောင် လုပ်ပေးမယ်လို့လည်း ဘုရားသခင်က ကတိပေးထားသေးတယ်။ အာဗြဟံက ဘုရားသခင်စကားကို ယုံတယ်။ သူ့ရဲ့ယုံကြည်မှုတစ်ခုကြောင့်ပဲ ဘုရားသခင်က သူ့ကို မိတ်ဆွေရင်းတစ်ယောက်လို့ သတ်မှတ်တယ်။ အာဗြဟံက သူ့ကို တကယ်ယုံလား၊ သူ့စကားကိုတကယ်နားထောင်လားဆိုတာ ဘုရားသခင်က သိချင်လို့ စမ်းသပ်တယ်။ တစ်နေ့ ဘုရားသခင်က အာဗြဟံရဲ့တစ်ယောက်တည်းပဲရှိတဲ့သားကို ယဇ်ပူဇော်ပေးဖို့တောင်းတယ်။ ဘုရားသခင်က သူ့ကို "လူမျိုးကြီးဖြစ်အောင်လုပ်ပေးမယ်" လို့ ကတိပေးပြီးမှ တစ်ယောက်တည်းပဲရှိတဲ့သားကိုတောင်းတော့ အာဗြဟံ နားမလည်နိုင်ဘူးဖြစ်နေတာပေါ့။ ဒါပေမယ့် ဘုရားသခင်ကိုယုံလို့ ဘုရားသခင်တောင်းတဲ့အတိုင်း ပေးဖို့ ပြင်ဆင်လိုက်တယ်။ အာဗြဟံက ဓားကိုမြောက်လိုက်တဲ့အချိန်မှာ "အာဗြဟံ ကလေးကိုမထိနဲ့။ မင်းငါ့ကို ဘယ်လောက်ယုံတယ်၊ ငါ့စကားကို ဘယ်လောက်နားထောင်တယ်ဆိုတာ ငါသိပါတယ်" လို့ ဘုရားသခင်က ပြောတယ်။ ပြီးတော့ သစ်ကိုင်းမှာချိုနဲ့ငြိနေတဲ့သိုးတစ်ကောင်ကို အာဗြဟံ တွေ့လိုက်တယ်။ အဲဒါနဲ့ အာဗြဟံကလည်း ဘုရားသခင်ပေးထားတဲ့ အဲဒီသိုးကိုယူပြီး သူ့သားအစား ပူဇော်လိုက်တာပေါ့။ ဘုရားသခင်ဆီက အဲဒီသိုးကို ရပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဘယ်လောက်ကြီးမားသလဲဆိုတာ အာဗြဟံ သဘောပေါက်သွားပါတယ်။ တစ်နေ့မှာ အဲဒီသိုးလိုအသေခံပေးမယ့်လူတစ်ယောက်ကို လွှတ်ပေးမယ့်အစီအစဉ် ဘုရားသခင်မှာ ရှိတယ်။ အာဒံတို့ကစပြီး လူသားအားလုံး အပြစ်တွေလုပ်နေမိခဲ့ကြတယ်။ အဲ့ဒါကြောင့် အားလုံးကိုကယ်တင်မယ့်ကယ်တင်ရှင်ကို ဘုရားသခင်က လွှတ်ပေးလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ပုံစံနဲ့သူလုပ်မယ့် အလုပ်အကြောင်းကို ကျမ်းစာထဲမှာ တွေ့နိုင်ပါတယ်။ အဲဒီကယ်တင်ရှင်က ဒီလောကကြီးထဲကို မရောက်လာခင်ကတည်းက ဘုရားသခင်ရဲ့သား ဖြစ်နေပြီးသား။ ပြီးတော့ လူသားအာလုံးကို သူတို့လုပ်နေမိခဲ့ကြတဲ့အပြစ်ငရဲထဲက ကယ်တင်ပေးပြီးစောင့်ရှောက်ဖို့ အပြစ်ကင်းတဲ့အဲဒီကယ်တင်ရှင်က အပြစ်ရှိတဲ့လူသားအားလုံးရဲ့ကိုယ်စား အသေခံပေးလိမ့်မယ်။ ဟေရှာယလို့ခေါ်တဲ့ ဘုရားသခင်ရဲ့လူတစ်ယောက်က ဒီလိုပြောခဲ့တယ်။ "အပျိုစစ်စစ်တစ်ယောက်က အဲ့ဒီကယ်တင်ရှင်ကို ကိုယ်ဝန်ဆောင်ရမယ် သူ့ကို ငါတို့နဲ့အတူရှိတဲ့ ဘုရားသခင်ဆိုတဲ့အဓိပ္ပာယ်နဲ့ ဧမာနွေလလို့ နာမည်ပေးရမယ်။" သူက ဘုရားသခင်ရဲ့သားဖြစ်ပေမယ့် လူသားတစ်ယောက်လို ဒီလောကကြီးထဲကို ရောက်လာလိမ့်မယ်။ ပြီးတော့ သူ့ကို ဗက်လင်မြို့မှာမွေးလိမ့်မယ်။ သူက မြည်းလေးတစ်ကောင်ကိုစီးပြီး အစတေးခံဖို့ ဂျေရုဆလင်မြို့ကို သွားလိမ့်မယ်။ သူယုံကြည်ရတဲ့မိတ်ဆွေတစ်ယောက်က သစ္စာဖောက်ပြီး သူ့ကို ငွေဒင်္ဂါး ၃၀ နဲ့ ရောင်းစားလိမ့်မယ်။ သူကလည်း အသေခံပေးလိမ့်မယ်။ ဒါပေမယ့် (၃) ရက်မြောက်တဲ့နေ့မှာ သူ့အဖေဘုရားသခင်က သူ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးလိမ့်မယ်။ သူက ဘုရားသခင်ဆီကို ပြန်သွားလိမ့်မယ်။ ပြီးတော့ စကြဝဠာကြီးတစ်ခုလုံးကို အုပ်စိုးခွင့်ရှိတဲ့ဘုရင်ကြီး ဖြစ်လာလိမ့်မယ်လို့လည်း ကျမ်းစာထဲမှာတိတိကျကျရေးသားထားပါသေးတယ်။ လွန်ခဲ့တဲ့နှစ် (၂၀၀၀) လောက်က ယေရှုဆိုတဲ့လူတစ်ယောက် ဒီလောကကြီးထဲမှာ အသက်ရှင်နေထိုင်ခဲ့ပါတယ်။ ယေရှုကို တွေ့တဲ့အချိန်မှာ သူက ဘုရားသခင် လွှတ်ပေးမယ်ဆိုတဲ့ကယ်တင်ရှင်များဖြစ်နေမလား လို့ လူတွေက ပြောကုန်ကြတယ်။ ကျမ်းစာထဲမှာပါတဲ့အတိုင်း သခင်ယေရှုက ဘယ်လိုလူလဲဆိုတာကိုရော၊ သူဘာတွေပြောတယ်၊ ဘာတွေလုပ်တယ်ဆိုတာကိုရော ဒီရုပ်ရှင်ထဲမှာ တွေ့နိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားက ယေရှုနေရာမှာ သရုပ်ဆောင်ထားပါတယ်။ တကယ်ကတော့ ယေရှုနေရာမှာ သရုပ်ဆောင်ဖို့ ဘယ်သူမှ မထိုက်တန်ပါဘူး။ ဒါပေမယ့် ယေရှုအကြောင်း၊ ယေရှုကတစ်ဆင့် ဘုရားသခင်ရဲ့ကတိတော်နဲ့ကောင်းကြီးတွေအကြောင်းကို လူတွေသိအောင် ဒီရုပ်ရှင်ကို ရိုက်လိုက်ရတာပါ။ သူငယ်ချင်း သော်ဖိလု မင်းသိထားတဲ့အကြောင်းတွေက တကယ့်အဖြစ်အပျက်ဆိုတာပြနိုင်ဖို့သက်သေတွေကို ငါသေသေချာချာရှာပြီးမှ မင်းဆီကို စာရေးလိုက်တာပါ။ ရောမနိုင်ငံရဲ့လက်အောက်ခံနိုင်ငံဖြစ်တဲ့ ဣသရေလနိုင်ငံမှာ ဟေရုဒ်မင်းအုပ်ချုပ်တုန်းက နာဇရက်မြို့မှာနေတဲ့ ယောသပ်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူနဲ့လက်ထပ်ဖို့ စေ့စပ်ထားတဲ့မာရိဆိုတဲ့ အပျိုစစ်စစ်တစ်ယောက်လည်း ရှိတယ်။ သူ့ဆီကို ဘုရားသခင်က ဂါဗြေလဆိုတဲ့ကောင်းကင်တမန်တစ်ပါး လွှတ်လိုက်တယ်။ မာရိ မလန့်ပါနဲ့။ နင်က ဘုရားသခင်ချစ်တဲ့သမီးဆိုတာ သိလား။ နင်ကိုယ်ဝန်ဆောင်ပြီးတော့ သားတစ်ယောက် မွေးလိမ့်မယ်။ သူ့ကို ယေရှုလို့ နာမည်ပေးပါ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ကျွန်မက အပျိုစစ်စစ်ပါ။ ဘုရားရဲ့သန့်ရှင်းတဲ့ ဝိညာဉ်တန်ခိုးကြောင့် သန့်ရှင်းတဲ့ကိုယ်ဝန်ကို မင်းဆောင်ရမှာပါ။ သူက အကြီးမြတ်ဆုံးဘုရားသခင်ရဲ့သားအဖြစ် တစ်လောကလုံးကို ထာဝရအုပ်စိုးလိမ့်မယ်။ အဲဒီနောက် အသက်ကြီးမှ ကိုယ်ဝန်ရှိနေတဲ့သူ့အမ ဧလိရှဗက်ဆီကို မာရိသွားလည်တယ်။ မမရေ ဟယ် ညီမလေး မာရိ ညီမလေးက အမြတ်ဆုံးမိန်းမပဲ ဗိုက်ထဲက ကလေးကလည်း မြင့်မြတ်လိုက်တာ ညီမနှုတ်ဆက်လိုက်တဲ့အသံကို ကြားတော့ အမဗိုက်ထဲက ကလေးလေးကတောင် ပျော်ပြီးတော့ ကနေတယ်။ ကျွန်မရင်ထဲကရော အသည်းထဲကရော ကယ်တင်ရှင် ဘုရားသခင်ကျေးဇူးကို ချီးမွမ်းပါတယ် မမရယ်။ နောက်တော့ တစ်လောကလုံးက ကျွန်မကို မိန်းမမြတ်လို့ ခေါ်ကြလိမ့်မယ်။ နာဇရက်မြို့သူမြို့သားတို့ အားလုံး သေချာနားထောင်ကြ။ ဆီဇာဘုရင်ကြီးရဲ့ အမိန့်တော်ပါတယ်။ တစ်နိုင်ငံလုံးမဖြစ်မနေ သန်းခေါင်စာရင်းသွင်းရမယ့်ကိစ္စရှိတယ်။ အဲ့ဒါကြောင့် လူတိုင်း ကိုယ့်ကိုမွေးတဲ့ဇာတိမြို့ကိုပြန်သွားပြီး စာရင်းသွင်းကြရမယ်။ အဲ့ဒါကြောင့် မာရိနဲ့သူ့ယောက်ျားယောသပ်တို့လည်း သူတို့ရဲ့မွေးဇာတိဗက်လင်မြို့ကို သွားကြရတာပေါ့။ ဗက်လင်မြို့ကိုရောက်တော့ ညအိပ်စရာနေရာမရှိလို့ နွားတင်းကုပ်မှာ အိပ်ကြရတယ်။ ညရောက်တော့ သိုးထိန်းတွေက သိုးထိန်းနေကြတုန်း ကောင်းကင်တမန်တစ်ပါး အရောင်တွေပြိုးပြိုးပြက်ပြက်နဲ့ ဖြုန်းခနဲပေါ်လာလို့ အားလုံး လန့်သွားကြတာပေါ့။ မလန့်ကြပါနဲ့။ လူတိုင်းကို ကယ်တင်မယ့်ကယ်တင်ရှင်ကို ဗက်လင်မြို့မှာ မွေးပြီ။ သိုးထိန်းတွေကလည်း အဲဒီကလေးကိုမွေးထားတဲ့နွားတင်းကုပ်ကို မြန်မြန်သွားကြည့်ပြီး ကယ်တင်ရှင်ယေရှု မွေးပြီဆိုတဲ့အကြောင်း တွေ့တဲ့လူတိုင်းကို ပြောပြကြတယ်။ ပြီးတော့ ကလေးကို ဂျေရုဆလင်မြို့တော်ကို ခေါ်သွားတယ်။ ကောင်းကင်တမန်ပြောထားတဲ့အတိုင်း သူ့ကို ယေရှုလို့နာမည်ပေးလိုက်တယ်။ သူတို့သွားတဲ့ဗိမာန်တော်ကြီးမှာ ဘုရားသခင်ကိုချစ်ပြီး သူမသေခင်ကယ်တင်ရှင်ကိုတွေ့ခွင့်ရလိမ့်မယ်လို့ ဘုရားသခင်က ကတိပေးထားတဲ့ရှုမောင်ဆိုတဲ့လူတစ်ယောက်နဲ့ တွေ့တယ်။ ဘုရားသခင်ပြောခဲ့တဲ့အတိုင်း ကျွန်တော်မသေခင် ကယ်တင်ရှင်နဲ့တွေ့ခွင့်ရလို့ သေပျော်ပါပြီ။ ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်ကို ကျွန်တော့်မျက်စိနဲ့ တကယ်တွေ့ရပါပြီ။ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အဲဒီမှာ သူတို့လူမျိုးတွေကို ဘုရားသခင်ခိုင်းထားတဲ့အတိုင်း လုပ်စရာရှိတာအားလုံးလုပ်ပြီး နာဇရက်မြို့ကို ပြန်သွားတယ်။ ယေရှုအသက် (၁၂) နှစ်ရောက်တော့ မိဘတွေနဲ့အတူ ဂျေရုဆလင်မြို့တော်မှာလုပ်တဲ့ကယ်တင်ခြင်းပွဲတော်ကို သွားပြီး ပြန်လာကြတယ်။ လမ်းထဲရောက်မှ ယေရှုပြန်ပါမလာဘူးဆိုတာ သိလိုက်ကြတယ်။ အဲဒါနဲ့ မြို့တော်ကို မြန်မြန်ပြန်သွားပြီးရှာကြပေမယ့် (၃)ရက်ကြာတော့မှ ဗိမာန်တော်ကြီးထဲမှာ ဆရာတွေနဲ့အတူတူထိုင်စကားပြောနေတာကို တွေ့လိုက်ကြတယ်။ ဒီကလေးက ဘယ်သူ့ကလေးလဲ။ ဒါကျွန်တော်တို့ကလေးပါ။ ကျွန်တော်တို့က နာဇရက်မြို့ကပါ။ သူ့ကို စိတ်မဆိုးပါနဲ့ နော်။ မဆိုးပါဘူး။ သူပြောတာတွေက အံ့ဩစရာကောင်းတယ်။ ယေရှုရယ် အမေတို့မှာစိတ်ပူလိုက်ရတာ။ ဘာဖြစ်လို့ အမေတို့ကိုမပြောဘဲ တစ်ယောက်တည်းနေခဲ့ရတာလဲ။ နောက် အဲလို မလုပ်နဲ့နော်။ သားအဖေရဲ့အိမ်မှာ သားနေခဲ့တာ စိတ်ပူစရာလိုလို့လား။ ဘုရားသခင်ချစ်တဲ့ယေရှုက နာဇရက်မြို့မှာနေပြီး ပညာတတ်တစ်ယောက်အဖြစ် ကြီးပြင်းလာတယ်။ လူချစ်လူခင်လည်း ပေါများတယ်။ တိဗေရိဆီဇာ ရောမဘုရင်ကြီးဖြစ်နေတဲ့အချိန်မှာ ပိလတ်မင်းနဲ့ ဟေရုဒ်မင်းတို့က လက်အောက်ခံ ဘုရင်တွေဖြစ်နေကြတာပေါ့။ အဲဒီအချိန်မှာပဲ အန္နနဲ့ကယာဖတို့က ဘာသာရေးခေါင်းဆောင်ကြီးတွေပါ။ ဒီအချိန်မှာ ယောဟန်ဆိုတဲ့လူတစ်ယောက်လည်းရှိတယ်။ သူက မာရိရဲ့အမဧလိရှဗက်ရဲ့သားပါ။ ဘုရားသခင်ခိုင်းထားတဲ့အတိုင်း ယောဒန်မြစ်တစ်လျှောက်လုံးကို သွားပြီး လူတွေကို နောင်တရဖို့ပြောတယ်။ နောင်တရပြီး ရေနှစ်ခြင်းခံရင် မင်းတို့ရဲ့အပြစ်တွေကို မင်းတို့ဆီက ဘုရားသခင်ဖယ်ရှားပေးလိမ့်မယ်။ ကျမ်းစာထဲမှာ ဆရာဟေရှာယက ဒီလိုပြောခဲ့တယ်။ တောထဲက အသံကြီးတစ်သံက ဘုရားသခင်လာတဲ့လမ်းကို ကောင်းကောင်းပြင်ဆင်ထားကြပါ။ လမ်းက ကောက်နေရင် ဖြောင့်အောင်လုပ်ထားကြပါ။ ချိုင့်တွေရှိရင် တောင်တွေဖြိုပြီး ဖို့ထားကြပါ။ ကြမ်းနေရင် ချောအောင်လုပ်ထားကြပါ။ ဘုရားသခင်က ဒီလောကကြီးကို ဘယ်လိုကယ်တင်မလဲဆိုတာ လူတိုင်း မြင်ရလိမ့်မယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ လူဆိုးတွေ၊ လူမိုက်တွေ အဲဒါဆို ဘယ်လိုလုပ်ရမလဲ ဆရာ။ ဘာလုပ်ရမလဲဆိုတာ ပြောပါဦး။ အင်္ကျီ (၂)​ ထည်လောက်ရှိရင် မရှိတဲ့လူကို တစ်ထည်လောက် ပေးဝတ်လိုက် ပြီးတော့ စားစရာမရှိတဲ့သူကိုလည်း ကျွေးကြပါ။ ဆရာ ကျွန်တော်တို့လိုအခွန်ကောက်တဲ့လူတွေရော ဘာလိုလုပ်ရင်ကောင်းမလဲ။ အခွန်တွေကို ပိုမကောက်ကြပါနဲ့။ ကျွန်တော်တို့ကရော ဘာလုပ်ရမလဲ။ ဘယ်သူ့ဆီကမှ ပိုက်ဆံကို ခြိမ်းခြောက်ပြီး မယူနဲ့။ ကြီးနိုင်ငယ်ညှင်း မလုပ်ကြပါနဲ့။ လောဘမကြီးကြပါနဲ့။ ဒီမှာ ဆရာ ဆရာက ကယ်တင်ရှင်လား။ ငါ့ထက်ပိုမြင့်မြတ်တဲ့လူက အခုလာနေပြီ။ ငါက သူ့ဖိနပ်ကြိုးကို ဖြည်ဖို့တောင် မထိုက်တန်ဘူး။ ငါက မင်းတို့ကို ရေနဲ့ဆေးပေးရုံပဲတတ်နိုင်တယ်။ သူကတော့ သန့်ရှင်းတဲ့ဝိညာဉ်တော်မီးနဲ့တောင် မင်းတို့အပြစ်တွေကို ဆေးပေးနိုင်မယ်။ ပြီးတော့ စပါးခွံကိုခွာပြီး ဆန်ကိုသိမ်းသလို သူက မင်းတို့ကို သိမ်းလိမ့်မယ်။ ကယ်တင်ရှင်ရောက်လာတော့ ယောဟန်က သူ့ကို ရေဆေးနစ်ခြင်းမင်္ဂလာပေးလိုက်တယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ဝိညာဉ်တော်က ချိုးငှက်ပုံစံနဲ့ဆင်းလာပြီး ယေရှုပုခုံးပေါ်မှာ နားလိုက်တယ်။ ကောင်းကင်ပေါ်က "ဒီလူက ငါချစ်တဲ့သားပဲ" ဆိုတဲ့အသံကြီးတစ်သံကို အားလုံးကြားလိုက်ရတယ်။ အဲဒီအချိန်မှာ ယေရှုက အသက် (၃၀) ရှိပြီ။ ယေရှုက ဘုရားသခင်ရဲ့သန့်ရှင်းတဲ့ဝိညာဉ်တော်တန်ခိုးအပြည့်နဲ့ ယောဒန်မြစ်ကနေ ပြန်သွားတယ်။ သဲကန္တာရထဲကိုသွားပြီး ရက်ပေါင်း (၄၀) လုံးလုံး ဘာမှမစားဘဲ ဥပုဒ်စောင့်နေတယ်။ အဲဒီနောက်မှာ နတ်ဆိုကမြွေဟန်ဆောင်ပြီး ယေရှုကို နှောက်ယှက်ဖို့လာတယ်။ မင်းက တကယ်ဘုရားသခင်ရဲ့သားဆိုရင် အဲဒီကျောက်ခဲကို မုန့်ဖြစ်အောင် ငါ့ကိုလုပ်ပြ။ အသက်ရှင်ဖို့က အစားအစာထက် ဘုရားစကားက ပိုအရေးကြီးတယ်"လို့ ကျမ်းစာမှာပါတယ်။ နတ်ဆိုးက ယေရှုကို အရမ်းမြင့်တဲ့တောင်ပေါ်ခေါ်သွားပြီး တစ်လောကလုံးမှာရှိတဲ့ကြီးကျယ်ခန်းနားလှပတဲ့နိုင်ငံတွေကို ပြတယ်။ အခု မင်းမြင်လိုက်တာတွေအားလုံးကို ပေးချင်တဲ့သူကိုပေးနိုင်တဲ့တန်ခိုး ငါ့မှာရှိတယ်။ ငါ့ကို ရှိခိုးရင် အဲ့ဒါတွေအားလုံး မင်းကိုပေးမယ်။ ''ထာဝရဘုရားသခင်ကလွဲရင် ဘယ်သူ့ကိုမှ မရှိခိုးရဘူးလို့ကျမ်းစာမှာ ပါတယ်။" ပြီးတော့ ယေရှုကို ဂျေရုဆလင်မြို့မှာရှိတဲ့ဗိမာန်တော်ကြီးရဲ့အမိုးပေါ် ခေါ်သွားပြီး မင်းက တကယ်ဘုရားသခင်ရဲ့သားဆိုရင် အောက်ကို ခုန်သာချလိုက်။ "မင်းရဲ့ခြေထောက်တွေကို မြေကြီးနဲ့တောင်မထိအောင် ဖမ်းထားဖို့ ကောင်းကင်တမန်တွေကို ဘုရားသခင်က ခိုင်းမှာ" ဆိုတာ ကျမ်းစာမှာပါပြီးသားလေ။ ဘုရားသခင်ကို အဓိပ္ပါယ်မရှိဘဲ မစမ်းသပ်ရဘူးလို့ ကျမ်းစာက ပြောထားတယ်။ သူငယ်ငယ်တုန်းကနေခဲ့တဲ့နာဇရက်မြို့ကို ယေရှုပြန်လာတယ်။ နေကောင်းလား သမီး ဟုတ်ကဲ့ပါ ရှင် ဥပုဒ်နေ့မှာ ထုံးစံအတိုင်း ဘုရားရှိခိုးကျောင်းကို ယေရှုသွားတယ်။ အဲဒီမှာ ဟေရှာယရေးထားတဲ့ကျမ်းစာအုပ်ကို ဖတ်ပြရတယ်။ ဘုရားသခင်ရဲ့ဝိညာဉ်တော်က ငါ့ဆီမှာရှိနေပြီ။ ဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကို သတင်းကောင်းပြောဖို့၊ မတရားကျွန်ခံနေရတဲ့လူတွေ ပြန်လွတ်ဖို့၊ မျက်စိကန်းနေတဲ့သူတွေ ပြန်မြင်ဖို့၊ ညှင်းဆဲခံနေရတဲ့လူတွေကို ကယ်တင်ဖို့၊ မင်္ဂလာရှိတဲ့အချိန်ရောက်တော့မယ့်အကြောင်းပြောဖို့ ငါ့ကို ဘုရားသခင်က လွှတ်လိုက်တယ်။ မှန်လိုက်တာ ကွာ။ အခု မင်းတို့ကြားခဲ့တဲ့ဘုရားသခင်ပြောခဲ့တာတွေအားလုံး ဒီနေ့ တကယ်ဖြစ်လာပြီ။ အခုတကယ်ဖြစ်လာတာလား။ အဲဒီလိုဖြစ်အောင် ကယ်တင်ရှင်ကပဲလုပ်နိုင်တာ မဟုတ်ဘူးလား။ ငါတို့ ဘယ်လိုသိနိုင်မှာလဲ။ တစ်ချိန်တုန်းကလည်း ဘုရားသခင်ရဲ့သတင်းကောင်းကို ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ့်လူတွေကိုပြန်ပြောပြရင်တောင် ဘယ်သူမှအကောင်းပြောမခံရဘူး တစ်ချိန်မှာလည်း ကိုယ့်ကိုယ်ကို ပြန်ကယ်ပြပါဦးလား ဆရာကြီးရယ်"လို့ မင်းတို့ပြောကြဦးမှာ ငါကောင်းကောင်းသိတာပေါ့။ သူက ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်ဆိုတာ လူတွေသိအောင် ယေရှုက အဲဒီစကားကိုပြောနေတာပါ။ ဒါပေမယ့် လူတွေက လက်မခံကြပါဘူး။ ပြီးတော့ ယေရှုကို မောင်းထုတ်ပြီး တောင်ပေါ်က တွန်းချဖို့ကြိုးစားကြပေမယ့် ယေရှုက ထွက်သွားလိုက်တယ်။ ပြီးတော့ ကပေရနောင်မြို့ကို သွားတယ်။ နေရာတိုင်းမှာ ရောမစစ်သားတွေ တွေ့နေရတယ်။ ဣသရေလလူမျိုးတွေက ရောမလက်အောက်ကလွတ်အောင် ကယ်တင်မယ့်လူကို စောင့်မျှော်နေကြတယ်။ ငါး အများကြီးရလား။ မရပါဘူးဗျာ။ ညီလေး မင်းလှေပေါ် ငါခဏတက်လို့ရလား။ ရပါတယ်။ ဟာ သွားတော့မလား မသိဘူး ခဏလေး နေပါဦး။ ဆရာ ဆရာ တစ်ခုလောက်ပြောသွားပါဦး။ တစ်ခါတုန်းက လူနှစ်ယောက် ဆုတောင်းဖို့ ဗိမာန်တော်ကြီးကို ရောက်လာကြတယ်။ တစ်ယောက်က ဘာသာရေးဆရာ။ တစ်ယောက်က အခွန်ကောက်တဲ့လူ။ "ကျွန်တော်က တစ်ခြားလူတွေလို လောဘလည်းမကြီးဘူး၊ လူလိမ်လည်းမဟုတ်ဘူး၊ သူ့မယားကို ပြစ်မှားတဲ့သူလည်း မဟုတ်ဘူး၊ ပြီးတော့ အဲဒီလူလို အခွန်ကောက်တဲ့လူလည်းမဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" "ပြီးတော့ အပတ်တိုင်း ဥပုဒ် (၂) ရက်စောင့်တယ်" "အလှူငွေလည်း မှန်မှန်ထည့်တယ်"လို့ ဘာသာရေးဆရာက ကိုယ့်ကိုယ်ကို ဂုဏ်ဖော်ပြီး ဆုတောင်းတယ်။ အခွန်ကောက်တဲ့လူကတော့ ခေါင်းတောင်မဖော်ရဲဘဲ "ကျွန်တော်က အပြစ်များပါတယ်" "ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပေးပါ ဘုရားသခင်"လို့ နှိမ့်နှိမ့်ချချ တောင်းပန်တယ်။ မင်းတို့သိလား။ အခွန်ကောက်တဲ့လူက ခွင့်လွတ်ခံရပြီး ဘာသာရေးဆရာကတော့ ခွင့်လွှတ်မခံရဘူး။ ဘာဖြစ်လို့လဲ သိလား။ ကိုယ့်ကိုယ်ကို ဂုဏ်ဖော်တဲ့လူက နှိမ့်ချခံရပြီး ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့လူကတော့ ချီးမြှောက်ခံရမယ်။ မင်းပိုက်ကွန်ကို ရေနက်တဲ့နေရာကိုသွားပြီး ထပ်ချကြည့်လိုက် ငါးတွေအများကြီးရလိမ့်မယ်။ ဟာ ဆရာသိလား ကျွန်တော်တို့ တစ်ညလုံးဖမ်းပြီးသွားပြီ တစ်ကောင်မှ မရပါဘူးဗျာ ဒါပေမယ့် ဆရာခိုင်းတာဆိုတော့ လုပ်ကြည့်လိုက်ပါ့မယ်။ လာကြဟေ့ သွားဖမ်းကြည့်ရအောင်။ ဟား ဒီမှာကြည့်ပါဦး မင်းတို့တွေ ဒီကိုလာ ငါတို့ကိုလာကူပါဦး။ မြန်မြန်လာ၊ မြန်မြန်လာ။ ဟာ ငါးတွေအများကြီးပဲဟေ့ သယ်ကြဟေ့ မြန်မြန်သယ်ကြ တွေ့လား။ ငါပြောတာယုံပြီမှတ်လား။ ကျွန်တော်က အပြစ်များတဲ့လူမို့လို့ ကျွန်တော့်နားမှာ မနေပါနဲ့ဆရာ။ ငါ့ကိုမကြောက်နဲ့ လူကိုမျှားတဲ့တံငါဖြစ်အောင် မင်းကိုလုပ်ပေးမလို့။ ငါ့စကားကို တကယ်နားထောင်တဲ့လူတိုင်း အပါယ်ငရဲကလွတ်တဲ့လမ်းကို တွေ့လိမ့်မယ်။ ထာဝရမသေတဲ့အသက်ကိုလည်း ရလိမ့်မယ်။ နောက်မကျခင် နောင်တရကြပါ။ အပြစ်လုပ်ထားတဲ့လူတွေ နောင်တရမယ်ဆိုရင် ဘုရားသခင်က ခွင့်လွတ်လိမ့်မယ်။ ပြီးရင် ဘုရားရဲ့သားသမီးတွေလည်းဖြစ်လာလိမ့်မယ်။ ဟယ် ဟိုမှာကြည့်စမ်း ယေရှုလာနေပြီ ယေရှု ယေရှု၊ ယေရှု ယေရှု ကျွန်တော့်သမီးလေးသေတော့မယ် ကယ်ပါဦး။ ကယ်ပါဦး သူကငယ်ငယ်လေးပဲရှိသေးတယ် သေရတော့မယ်။ ကျွန်တော့မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတာပါ။ လာကြည့်ပေးပါဦး။ ညီလေး မင်းစိတ်ကိုထိန်းပါကွာ ယေရှု မင်းသမီးလေး သေသွားပြီ။ ယေရှုကို ဒုက္ခမပေးပါတော့နဲ့ကွာ။ ဘာမှစိတ်မပူနဲ့။ မင်းရဲ့သမီးလေး ဘာမှမဖြစ်ပါဘူး ငါပြောတာယုံပါ ငိုမနေကြနဲ့။ သူက သေနေတာမဟုတ်ဘူး။ အိပ်နေတာ။ သမီးလေး ထပါတော့။ သူ့ကို တစ်ခုခု ကျွေးလိုက်ဦး။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်။ တစ်နေ့မှာ လေဝိလို့ခေါ်တဲ့အခွန်ကောက်တဲ့သူတစ်ယောက် အခွန်ကောက်နေတာ ယေရှုတွေ့တယ်။ ငါ့နောက်ကိုလိုက်ခဲ့။ တစ်ညမှာ ယေရှုက တောင်ပေါ်တက်ပြီး တစ်ညလုံးဘုရားသခင်နဲ့စကားပြောတယ်။ မနက်မိုးလင်းတော့ ယေရှုက သူ့တပည့်အားလုံးထဲက (၁၂) ယောက်ကို သတ်သတ်ရွေးထုတ်လိုက်တယ်။ အဲဒီ (၁၂) ယောက်က ရှိမုန်လို့ခေါ်တဲ့ပေတရု ပေတရုရဲ့ညီ အန္ဒြေ ယာကုပ် ယောဟန် ဖိလိပ္ပု ဗာသောလမဲ လေဝိလို့ခေါ်တဲ့ မဿဲ သောမ အာလဖဲရဲ့သား ယာကုပ် ဇေလုပ်လို့ခေါ်တဲ့ ရှိမုန် ယာကုပ်ရဲ့ညီယုဒ နောင်တစ်ချိန်မှာ ယေရှုကို ရောင်းစားမယ့်သစ္စာဖောက် ယုဒရှကာရုတ်။ မင်းတို့လို ဆင်းရဲငတ်မွတ်ပြီး ငိုကြွေးနေကြတဲ့လူတွေက မင်္ဂလာရှိကြတယ်။ ပြီးတော့ဘုရားသခင်နိုင်ငံတော်မှာ ဘုရားသခင်ရဲ့နိုင်ငံသားဖြစ်ခွင့်လည်း ရကြလိမ့်မယ်။ မင်းတို့က ငါ့လူတွေဆိုတော့ ကဲ့ရဲ့ရှုံချတာ၊ မုန်းတာ၊ နှိပ်စက်တာတွေခံရမယ့်အချိန် ရောက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် စိတ်မပျက်နဲ့။ ဝမ်းမြောက်ကြပါ။ အဲဒါဆိုရင် ဘုရားသခင်ပေးမယ့်ကောင်းကြီး မင်းတို့ခံစားရလိမ့်မယ်။ ၁၇ ၁၈ ၁၉ ၂၀ ဒါအကုန်ပဲ ဒါပဲလား။ ဒါအကုန်ပဲလား။ အခုအချိန်မှာ ကောင်းစားနေတဲ့လူတွေက နောင်တစ်ချိန်မှာ ဆင်းရဲဒုက္ခရောက်ကြလိမ့်မယ်။ ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ချမ်းသာရမှာကို ကြောက်တဲ့လူက ရူးနေလို့ပဲ အခုအချိန်မှာ ရယ်နေတဲ့လူတွေက နောင်တစ်ချိန်မှာ ငိုကြရလိမ့်မယ်။ ဘုရားကိုချစ်ဟန်ဆောင်တဲ့လူတွေ အချီးမွမ်းခံခဲ့ရသလို မင်းတို့ အချီးမွမ်းခံရရင်လည်း အမင်္ဂလာဖြစ်တယ်။ ငါပြောမယ်။ နားထောင်။ ရန်သူကို ချစ်ကြပါ။ မုန်းတဲ့လူအပေါ်ကောင်းကြပါ။ ကျိန်ဆဲတဲ့လူအတွက် ဆုတောင်းမေတ္တာပို့ပေးကြပါ။ ပါးတစ်ဖက်ကိုအရိုက်ခံရရင် နောက်ပါးတစ်ဖက်ကို ထပ်လှည့်ပေးလိုက်ပါ။ ရှပ်အင်္ကျီတောင်းတဲ့လူကို ကုတ်အင်္ကျီပါပေးလိုက်ပါ။ တောင်းတဲ့လူကို ပေးကြပါ။ သူများကို ပေးထားတဲ့ပစ္စည်း ပြန်မတောင်းကြပါနဲ့။ ကိုယ့်အပေါ် လုပ်ပေးစေချင်တဲ့အတိုင်း ကိုယ်ကစလုပ်ပါ။ မင်းတို့ကို ချစ်တဲ့လူတွေကိုပဲ ပြန်ချစ်ပြီးပြန်ကောင်းနေမယ်ဆိုရင် ဘာထူးနေဦးမှာလဲ။ ဆိုးတဲ့လူတွေတောင် သူတို့အပေါ်ချစ်ရင် သူတို့အပေါ် ကောင်းရင် ပြန်ကောင်းတတ်ကြတာပဲ။ အဲဒီမိန်းမနဲ့ ဘာလို့စကားသွားပြောနေတာလဲမသိဘူး။ ဟွန်း ရွံစရာကောင်းလိုက်တာ။ ကဲ ရန်သူကို ချစ်ပါ။ ကောင်းကြပါ။ အကျိုးကိုမမျှော်လင့်ဘဲ ချေးငှားပေးကြပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင်ရဲ့သားသမီးဖြစ်ခွင့်ရမယ်။ ဘုရားသခင်က ကျေးဇူးကန်းတဲ့လူတွေကိုတောင် မေတ္တာထားတယ်။ မင်းတို့ကလည်း သူ့လိုပဲ မေတ္တာထားကြပါ။ စကားနည်းနည်းလောက်ထပ်ပြောပါဦး။ မင်းတို့က တခြားလူရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးရင် ထာဝရဘုရားသခင်ကလည်း မင်းတို့ရဲ့အပြစ်ကို ခွင့်လွှတ်ပေးလိမ့်မယ်။ နောက်ပြီးတော့ရော။ ခင်ဗျားစေတနာရှိတဲ့အတိုင်း ပေးလိုက်ပါ။ ခင်ဗျားပေးတဲ့အတိုင်း ပြန်ရလိမ့်မယ်။ မျက်စိကန်းတဲ့လူက မျက်စိကန်းတဲ့လူကို လမ်းပြရင် နှစ်ယောက်လုံး ချောက်ထဲကျသွားမယ်။ ကိုယ့်အပြစ်ကိုမမြင်ဘဲ သူများအပြစ်ကိုပဲ ဘာဖြစ်လို့မြင်နေကြတာလဲ။ ဒါဆိုဘာလုပ်ရမလဲ ပြောပါဦး။ ဆရာပြောပြမှ သိမှာပေါ့။ ဆရာကိုမွေးတဲ့အမေက မိန်းမမြတ်ပဲ။ အေးပေါ့ ဒါပေမယ့် ဘုရားရဲ့စကားကို နားထောင်တဲ့လူက ပိုပြီးမြတ်တာပေါ့။ ငါလည်း သူ့အကြောင်းသိချင်လိုက်တာ။ သူက ကယ်တင်ရှင်ဆိုတာ ယုံလား ဆရာ။ ညစာစားဖို့ဖိတ်လို့ သူ့အကြောင်းကိုသိချင်နေတဲ့အဲဒီဘာသာရေးဆရာအိမ်ကို ယေရှုက ရောက်သွားတယ်။ ဟေး သွားကြ သွားကြ ဝေးဝေးသွားကြ ဒီနားမှာလာဆူမနေနဲ့ ဝေးဝေးသွားကြ ဝေးဝေးသွားကြ ဟ ဒီမိန်းမ ဘာလာလုပ်တာလဲ။ မသိဘူးလေ သူ ဘာလုပ်နေတာလဲ။ ဒီလူသာ အမှန်တကယ် ကယ်တင်ရှင်ဆိုရင် အားလုံး သိနေရမယ်။ ဒီမိန်းမကိုလည်း မိန်းမပျက်မှန်း သိရမှာပေါ့။ ငါမသိဘူးလို့ ထင်နေလား။ ဥပမာတစ်ခုပြောပြမယ် တစ်ခါတုန်းက လူတစ်ယောက်မှာ သိန်း (၅၀၀)၊ နောက်တစ်ယောက်မှာ သိန်း (၅၀) အကြွေး တင်နေကြတယ်။ အဲဒီအချိန်မှာ "ရတယ်။ ပြန်မဆပ်နဲ့တော့"လို့ အကြွေးရှင်က ပြောလိုက်တယ် ဒါဆို သူ့ကို ဘယ်သူက ပိုပြီးကျေးဇူးတင်မလဲ။ အကြွေးပိုများတဲ့လူက ပိုပြီးကျေးဇူးတင်မှာပေါ့။ ဟုတ်တာပေါ့။ ဒီမိန်းမကိုကြည့်။ ဒီအိမ်ကိုရောက်တော့ ငါ့ကို ခြေဆေးဖို့ရေတောင် မင်းမပေးဘူး။ ဒီမိန်းမက ငါ့ခြေထောက်ကို သူ့မျက်ရည်နဲ့ဆေးပေးပြီး ဆံပင်နဲ့သုတ်ပေးတယ်။ မင်းကငါ့ကို လှိုက်လှိုက်လှဲလှဲမကြိုဆိုဘူး။ သူကတော့ ငါ့ခြေထောက်ကိုတောင် မပြတ်နမ်းတယ်။ မင်းက ငါ့ခေါင်းကိုလိမ်းဖို့ ဆီတောင်မပေးဘူး။ သူကတော့ ငါ့ခြေထောက်ကိုတောင် ဆီလိမ်းပေးတယ်။ သူ့က ပိုများတဲ့အပြစ်တွေထဲကလွတ်လာတော့ ငါ့ကို ပိုကျေးဇူးတင်တယ်။ အပြစ်နည်းနည်းထဲကလွတ်တဲ့လူကတော့ နည်းနည်းပဲ ကျေးဇူးတင်တာပေါ့။ မင်းအပြစ်ကို ငါခွင့်လွှတ်လိုက်ပြီ။ ဘာလဲဟ။ မင်းရဲ့ယုံကြည်မှုက မင်းကိုကယ်လိုက်တာပဲ။ အပြစ်ကိုယ်တော်ခွင့်လွှတ်ပေးနိုင်တယ်ဆိုတော့ သူကဘာလည်း ယေရှုက မြို့ရွာအနှံ့ လျှောက်သွားပြီး ဘုရားသခင်နိုင်ငံတော်အကြောင်းနဲ့ ဘုရားသခင်ရဲ့နိုင်ငံသား ဖြစ်ခွင့်ရနိုင်တယ်ဆိုတဲ့သတင်းကောင်းကို ပြောပြတယ်။ သူ့တပည့် (၁၂) ယောက်လည်း သူနဲ့အတူ လိုက်သွားကြတယ်။ ယေရှုတန်ခိုးကြောင့် နတ်ဆိုးက လွှတ်ပေးလိုက်ရတဲ့ မာဂဒလလို့ခေါ်တဲ့ မာရိရယ်၊ ဘုရင့်စားဖိုမှုးရဲ့မိန်းမ ယောဟန္နရယ်၊ ရှုရှန္နရယ်လည်း လိုက်သွားကြတယ်။ အဲဒီအချိန်မှာ ဟေရုဒ်မင်းက သူ့ခယ်မကို မတရားသိမ်းပိုက်ထားတာကို ယောဟန်က အပြစ်ရှိတယ်လို့ ပြောလို့ ဟေရုဒ်မင်းက စိတ်ဆိုးပြီး ယောဟန်ကို ထောင်ချလိုက်တယ်။ ယေရှုအကြောင်းစုံစမ်းဖို့ လွှတ်ထားတဲ့သူ့တပည့်တွေက သူ့ဆီရောက်လာတယ်။ မင်းတို့ ဘာသိလာလဲ။ ယေရှုနောက်ကို လိုက်သွားရင်း နဣနမြို့ကို ရောက်သွားတော့ မုဆိုးမတစ်ယောက်ရဲ့သားကို သင်္ဂြိုဟ်ဖို့သွားနေတာ ကျွန်တော်တို့အားလုံးတွေ့လိုက်တယ်။ အဲဒီမှာ ယေရှုက မုဆိုးမကို သနားသွားပြီး "ကောင်လေး ထတော့"လို့ ပြောလိုက်တော့ ကောင်လေးက တကယ်ထလာတယ်။ သူ့အမေလည်း အရမ်းဝမ်းသာသွားတာပေါ့။ အဲဒီလိုဆို "ယေရှုက ငါတို့ စောင့်နေတဲ့ကယ်တင်ရှင်လား။ ဒါမှမဟုတ် ထပ်စောင့်ရဦးမလား"လို့ ယေရှုကို သွားမေးလိုက်။ ဆရာ ဆရာ ကျွန်တော်တို့ တစ်ချိန်လုံး စောင့်နေကြရတဲ့ကယ်တင်ရှင်က ဆရာလား လို့ ယောဟန်က မေးခိုင်းလိုက်တယ်။ ကန်းတဲ့လူ ပြန်မြင်တာ၊ သေတဲ့လူ ပြန်ရှင်တာ၊ ဆင်းရဲသားတွေက သတင်းကောင်းကြားခွင့် ရတာတွေအားလုံး ယောဟန်ကို သွားပြောပြလိုက်ပေါ့။ အဖေကြီးရေ သားကို ချီပါဦး။ လာ ပုခုံးပေါ်တက်၊ မြင်ရလား။ ဟေး ယေရှုကို မြင်ရပြီ။ လူတစ်ယောက်က မျိုးစေ့ကြဲတဲ့အခါ တချို့အစေ့တွေက လူသွားလမ်းပေါ်ကျတော့ ငှက်တွေစားလို့ ပျက်စီးကုန်တယ်။ တချို့အစေ့တွေက ကျောက်တုံးတွေပေါ်ကျတော့ အပင်ပေါက်လာကြပေမယ့် မြေဩဇာမရလို့ သေကုန်တယ်။ တချို့အစေ့တွေက ဆူးပင်ကြားကျသွားတော့ အပင်ပေါက်တဲ့အချိန်မှာ ဆူးစူးကုန်တာပေါ့။ တချို့အစေ့တွေက မြေကောင်းကောင်းပေါ်ကျတော့ အပင်ကောင်းကောင်းပေါက်တာပေါ့ အသီးတွေလည်း ကောင်းကောင်းသီးတာပေါ့။ ဒီဥပမာကို နားရှိတဲ့လူတိုင်း ကြားပါစေ၊ သဘောပေါက်ပါစေ။ ဆရာ စကားပြောတိုင်း ဘာဖြစ်လို့ ဥပမာတွေပေးပြီး ပြောနေရတာလဲ။ ဘုရားသခင်နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေကို မင်းတို့သိခွင့်ရတယ်။ တခြားလူတွေကတော့ ကြားပေမယ့်လည်း နားမလည်ဘူး။ ကြည့်ပေမယ့်လည်း အမှန်ကိုမမြင်နိုင်ဘူး။ ဒီဥပမာရဲ့အဓိပ္ပာယ်က မျိုးစေ့ဆိုတာ ဘုရားသခင်ရဲ့စကား၊ လမ်းပေါ်ကျတဲ့မျိုးစေ့ဆိုတာ ကြားပြီးသားဘုရားစကားကို နတ်ဆိုးကလုသွားလို့ ကယ်တင်ခြင်းမခံရတဲ့လူကိုခေါ်တာ။ ကျောက်ပေါ်ကျသွားတဲ့မျိုးစေ့ဆိုတာ ဘုရားသခင်စကားကြားကြားချင်း ယုံကြည်တယ်လို့ ထင်ပေမယ့် ပြဿနာတွေ့တာနဲ့ လွယ်လွယ် အလျှော့ ပေးတတ်တယ်။ ယုံကြည်မှုပျက်စီးလွယ်တတ်တဲ့လူကို ခေါ်တာ။ ဆူးပင်ကြား ကျသွားတဲ့မျိုးစေ့ဆိုတာ ဘုရားစကားကြားပေမယ့် စိုးရိမ်မှုတွေ၊ ကာမဂုဏ်စည်းစိမ်ခံစားမှုတွေကြောင့် အသီးမသီးတဲ့အပင်နဲ့တူတဲ့ လူကို ခေါ်တာ။ မြေကောင်းကောင်းမှာကျသွားတဲ့မျိုးစေ့ကတော့ ဘုရားသခင်စကားကို နာခံတတ်တဲ့စိတ်နှလုံးနဲ့စွဲအောင်နားထောင်ပြီး ယုံကြည်လို့ ကောင်းကောင်းအသီးသီးတဲ့လူကိုခေါ်တာ။ ဘယ်သူမှ မီးကို မအုပ်ထားဘူး။ ကုတင်အောက်မှာလည်း မထားတတ်ဘူး။ မြင်နိုင်တဲ့နေရာမှာထားမှ အားလုံးကို မြင်ရမှာပေါ့။ ဝှက်ထားတာတွေရော၊ ဖုံးကွယ်ထားတာတွေရောအားလုံး အလင်းကြောင့် ပေါ်လာကြလိမ့်မယ်။ ဘုရားသခင်စကားကို သေသေချာချာနားထောင်ကြ။ ဘုရားစကားကိုကြားပြီးလက်ခံတဲ့လူက ထပ်ကြားရလိမ့်ဦးမယ်၊ လက်ခံဟန်ဆောင်တဲ့လူကတော့ ရပြီးသားလေးတောင်မှ ပြန်ပျောက်သွားလိမ့်ဦးမယ်။ ဆရာနဲ့တွေ့ဖို့ ဆရာ့အမေနဲ့ညီတွေ အပြင်မှာ စောင့်နေကြတယ်။ ငါ့အတွက်ကတော့ ဘုရားသခင်စကားနားထောင်တဲ့လူတိုင်းက ငါ့မိသားစုပဲ။ တစ်နေ့မှာ သူ့တပည့်တွေနဲ့ တစ်ဘက်ကမ်းကို လှေနဲ့သွားနေကြတုန်း ယေရှုအိပ်မောကျသွားတယ်။ အဲဒီအချိန်မှာပဲ မုန်တိုင်းကစတိုက်လာတယ်။ ဆရာ ဆရာ ယေရှု ကျွန်တော်တို့ သေတော့မယ် လှိုင်းတွေအရမ်းကြီးနေပြီ လှေနှစ်တော့မယ် ကယ်ပါဦး ဟေး ငါတို့မသေတော့ဘူးကွ။ ငါ့ကိုယုံတယ် ဆို။ ကမ်းတစ်ဘက်ကို ရောက်သွားတော့ ယေရှု အမြင့်မြတ်ဆုံးဘုရားရဲ့သား ကျွန်တော့်ကို ဘာလုပ်မှာလဲ။ ဘာမှ မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။ မင်းနာမည် ပြောစမ်း။ လေဂေါင်ပါ။ ကျွန်တော့်ကို ငရဲ မပို့ပါနဲ့။ ဝက်အုပ်ထဲကိုပဲ ပို့ပေးပါ။ ဆရာ ဟေး ပြန်လာခဲ့။ လာ ပြန်လာ အဲဒီလူရဲ့ကိုယ်ထဲဝင်ပူးနေတဲ့နတ်ဆိုးတွေထွက်လာပြီး ဝက်အုပ်ထဲကို ဝင်ပူးကုန်တယ်။ ခင်ဗျားက အောက်လမ်းဆရာပဲ။ ထွက်သွား၊ ထွက်သွား အခုထွက်သွား။ ဝေးဝေးသွားဗျာ။ ဆရာနဲ့ လိုက်ခဲ့ချင်ပါတယ်။ ကျွန်တော့်ကို ခေါ်ပါနော်။ အိမ်ပြန်ပြီး မင်းအတွက် ဘုရားသခင်ဘာလုပ်ပေးခဲ့လဲဆိုတာ လိုက်ပြောပြလိုက်။ ဆရာ ဒီလူတွေစားဖို့ ဘယ်လိုလုပ်မလဲ။ သူတို့ဘာသာသူတို့ ရှာစားခိုင်းလိုက်ရင် ကောင်းမယ်ထင်တယ်။ ဒါမှမဟုတ်ရင် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်။ မင်းတို့ကပဲ သူတို့စားဖို့ ရှာပေးလိုက်လေ။ ဒါပေမယ့် မုန့် (၅) လုံးနဲ့ ငါး (၂) ကောင်ပဲ ရှိတယ်လေ။ စကြဝဠာကြီးရဲ့အရှင် ဘုရားသခင် ဒီစားစရာကို ဖန်ဆင်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ အံ့ဩစရာကောင်းလိုက်တာ ဟယ် တန်ခိုးကြီးလိုက်တာနော် လူတွေက ငါ့ကို ဘယ်သူလို့ ထင်နေလဲ။ တချို့က ဆရာ့ကို ရေဆေးပေးတဲ့ယောဟန်တဲ့ တချို့ကျတော့ ဘုရားသခင်ရဲ့လူ ဧလိယတဲ့ တချို့ကလည်း ဘုရားသခင်ရဲ့လူတစ်ယောက် ပြန်ရှင်လာတာလို့ ပြောနေကြတယ်။ မင်းတို့ကရော ငါ့ကို ဘယ်သူလို့ထင်လဲ။ ဆရာက ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်ပဲ။ ဒီအကြောင်းကို ဘယ်သူ့မှလျှောက်မပြောနဲ့။ လူတွေက နှိပ်စက်ပြီး ငါ့ကို သတ်လိမ့်မယ်။ ငါသေသွားပြီး နောက် (၃) ရက်မှာ ငါ အသက်ပြန်ရှင်လာလိမ့်မယ်။ ငါနဲ့ ဘယ်သူလိုက်မလဲ။ ကျွန်တော်လိုက်မယ် ဆရာ။ ဒါပေမယ့် အိမ်အရင်ပြန်ပြီး နှုတ်ဆက်ပြီးမှ ပြန်လာခဲ့မယ်။ လုပ်ရမယ့်အလုပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ပြီးမှ ဇဝေဇဝါဖြစ်နေတဲ့လူတွေက ဘုရားသခင်ဆီကို ရောက်ဖို့ မထိုက်တန်ဘူး။ ငါ့ရဲ့နောက်ကိုလိုက်ချင်တဲ့လူတွေက မင်းတို့ရဲ့ဆန္ဒကို မေ့ပစ်ရမယ်။ မင်းတို့ကားတိုင်ကို မင်းတို့ထမ်းပြီး လိုက်ရမယ်။ မသေအောင်ကြိုးစားလည်း သေမှာပဲ။ ငါကြောင့်သေရင်တော့ ထာဝရအသက်ရှင်မယ် စကြဝဠာကြီးတစ်ခုလုံးကို ပိုင်ရင်တောင် ကိုယ့်အသက်ကို မပိုင်ရင် ဘာထူးမှာလဲ။ မင်းတို့က ငါ့စကားနားထောင်ဖို့ရှက်ရင် ငါ့လူဖြစ်ဖို့ ရှက်ရင် ဘုန်းတန်ခိုးနဲ့ငါပြန်ကြွလာတဲ့အချိန်မှာ မင်းတို့ရဲ့ဘုရားဖြစ်ရမှာ ငါပြန်ရှက်မှာပဲ။ ဒီလူတွေထဲက တချို့က အသက်ရှင်နေတုန်းမှာတောင် ဘုရားသခင်ရဲ့နိုင်ငံတော်ကို မြင်နိုင်ကြလိမ့်မယ်။ ယေရှုက ပေတရုရယ်၊ ယောဟန်ရယ်၊ ယာကုပ်ရယ်ခေါ်ပြီး ဆုတောင်းဖို့ တောင်ပေါ်တက်သွားတယ်။ ဆုတောင်းနေတဲ့အချိန်မှာ ယေရှုရဲ့မျက်နှာက အရင်နဲ့မတူဘဲ ထူးခြားနေတယ်။ အဝတ်အစားကလည်း အရောင်တွေထွက်နေတယ်။ ကိုယ်ရောင်ကိုယ်ဝါတွေ ထူးခြားနေတဲ့ မောရှေနဲ့ဧလိယတို့နှစ်ယောက်လည်း ပေါ်လာပြီး ယေရှနဲ့စကားပြောကြတယ်။ ယေရုဆလင်မြို့ကို သွားရမယ်။ပြီးတော့ အဖမ်းခံရမယ်။ ပြီးတော့ မင်းရဲ့အသက်ကို ပေးရမယ်။ မောရှေတို့ ပြန်ပျောက်သွားတော့ ပေတရုတို့က အမလေး ကြည့်စမ်း ဒီနေရာမျိုးကို ရောက်လာတာ ဘယ်လောက်ကောင်းလဲ။ တဲ (၃) လုံးဆောက်လိုက်မယ် နော်။ ဆရာ့အတွက် တစ်လုံး မောရှေအတွက်တစ်လုံး ပေတရုစကားပြောနေတုန်း ဧလိယအတွက် တစ်လုံး။ သူတို့အပေါ်မှာ မိုးတိမ်တွေအုပ်သွားပြီး "ဒီလူက ငါချစ်တဲ့သားပဲ။ သူ့စကားကို နားထောင်ကြ" ဆိုတဲ့ အသံကြီးတစ်သံ ကြားလိုက်ရတယ်။ ဆရာ ဆရာ ကျွန်တော့်သားလေးကို ကယ်ပါဦး သနားပါ။ ကူညီပါ ကျွန်တော့်မှာ ဒီသားလေးတစ်ယောက်ပဲ ရှိပါတယ် သူ့ကိုယ်ထဲမှာဝင်ပူးနေတဲ့နတ်ဆိုးကို ဆရာတပည့်တွေ မောင်းထုတ်ကြတယ်။ ဒါပေမယ့်အဲဒီနတ်ဆိုးက ထွက်မသွားဘူး။ ငါ့ကို မယုံကြည်တဲ့လူတွေနဲ့ ဘယ်လောက်သည်းခံပြီး အတူတူနေပေးရဦးမှာလဲ။ သူ့ကို ငါ့ဆီခေါ်လာခဲ့။ ဟာ နတ်ဆိုးထွက်သွားပြီ။ တန်ခိုးကြီးလိုက်တာကွာ။ ယောဟန်သင်ပေးတဲ့အတိုင်း ဘုရားသခင်နဲ့စကားပြောတာသင်ပေးပါဦးဆရာ။ ဒီလိုဆုတောင်းပါ။ ကောင်းကင်ဘုံမှာရှိတဲ့အဖဘုရားသခင်ကို ရိုသေပါတယ်။ ဒီလောကကြီးကိုအုပ်စိုးပါ။ ကောင်းကင်ဘုံမှာလိုပဲ ဒီလောကကြီးကိုလည်း ပြည့်စုံပါစေ။ နေ့တိုင်းလိုတဲ့အစားအစာကို နေ့တိုင်းပေးပါ။ တခြားလူတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ကိုလည်း ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ကို မကောင်းမှုဒုစရိုက်ထဲမှ ကယ်တင်ပေးပါ အဖဘုရား လို့ ဆုတောင်းပါ။ တောင်းကြပါ၊ တောင်းရင် ရမယ်။ ရှာကြပါ၊ ရှာရင် တွေ့မယ်။ တံခါးခေါက်ပါ။ ခေါက်ရင် ဖွင့်မယ်။ တောင်းတဲ့လူက ရမယ်။ ရှာတဲ့လူက တွေ့မယ်။ တံခါးခေါက်တဲ့လူအတွက် တံခါးဖွင့်ပေးလိမ့်မယ်။ "ငါးပေးပါ"လို့ တောင်းတဲ့သားကို မြွေပေးမယ့်အဖေ ရှိလား။ "ကြက်ဥပေးပါ" လို့တောင်းတဲ့သားကို ကင်းမြီးကောက်ပေးမယ့်အဖေ ရှိလား။ မင်းတို့လိုဆိုးတဲ့အဖေတွေတောင်မှ သားသမီးကို ကောင်းတာပေးတတ်ရင် မင်းတို့အဖေဖြစ်တဲ့ဘုရားသခင်က မင်းတို့တောင်းရင် သန့်ရှင်းတဲ့ဝိညာဉ်တန်ခိုးကိုတောင်မှ ပေးဦးမှာ။ တကယ်ပေးမှာ။ စားစရာရှိပါ့မလားလို့ စိတ်မပူနဲ့။ ဝတ်စရာရှိပါ့မလားလို့လည်း စိတ်မပူနဲ့။ အစားထက်၊ အဝတ်ထက် အသက်က ပိုမြတ်တယ်လေ။ ဟိုငှက်တွေကိုကြည့်လိုက်။ သူတို့က စပါးစိုက်စရာလည်းမလိုဘူး။ ရိတ်စရာလည်း မလိုဘူး။ ဘာဖြစ်လို့လဲ သိလား။ ဘုရားသခင်ကျွေးထားတာကိုး။ အဲဒီငှက်တွေထက် မင်းတို့ကို ဘုရားသခင်က ပိုတန်ဖိုးထားတော့ စားစရာ ရှိပါမလား လို့ စိတ်ပူစရာလိုသေးလား။ မင်းတို့ စိတ်ပူနေကြတော့ရော အသက်ပိုရှည်မယ်လို့ထင်လား။ တစ်နာရီတောင် အသက်ပိုရှည်အောင်မလုပ်နိုင်ရင် စိတ်ပူနေတော့ရော ဘာထူးမှာလည်း ဒီပန်းတွေကို တစ်ချက်လောက်ကြည့်လိုက် သူတို့ဘာသာသူတို့ ချုပ်မဝတ်တတ်ကြဘူး။ ဒါပေမယ့် ဘုရင်ရဲ့အဝတ်အစားကတောင် သူတို့ရဲ့အဝတ်အစားကို မမှီဘူး။ ပြီးတော့ အခုထက်ထိ မင်းတို့စိတ်နှစ်ခွဖြစ်နေကြသေးတယ်ဆိုတာ ငါသိတယ်။ ဒီလိုအပင်ကိုတောင် သူ ဂရုစိုက်ရင် မင်းတို့ကို ပိုပြီး ဂရုစိုက်မှာပေါ့။ စိတ်နှစ်ခွ မဖြစ်ချင်ပါဘူး။ မင်းတို့ရဲ့ယုံကြည်မှုက ညောင်စေ့လောက်သေးနေရင်တောင် "ပင်လယ်ထဲခုန်ချလိုက်"လို့ ညောင်ပင်ကြီးကို ခိုင်းလိုက်ရင်လည်း မင်းတို့ခိုင်းတဲ့အတိုင်း လုပ်လိမ့်မယ်။ အမှားလုပ်ဖို့ အခြေအနေဆိုတာ ရှိလာတတ်တယ်။ အဲဒီအခြေအနေကို ဖန်တီးတဲ့သူရဲ့အပြစ်ကတော့ မတွေးရဲလောက်အောင်ပဲဟေ့။ အဲဒီလို အမှားလုပ်ဖို့အခြေအနေကို ဖန်တီးတဲ့သူရဲ့အပြစ်ဒဏ်က လည်ပင်းမှာ ကျောက်တုံးဆွဲပြီး ပင်လယ်ထဲနှစ်သတ်လိုက်တာထက်ပိုဆိုးတယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်က ညောင်စေ့နဲ့တူတယ်။ ညောင်စေ့က အစေ့ထဲမှာ အသေးဆုံးဖြစ်ပေမယ့်လည်း အပင်ပေါက်လာရင် ငှက်တွေတောင် အသိုက်လာဆောက်ပြီး နေလို့ ရအောင် ကြီးတယ်။ အဲဒါက ကျွန်မတို့နဲ့ဘာဆိုင်လို့လဲ။ ခင်ဗျားက ဘာဖြစ်လို့ ဒီလိုမကောင်းတဲ့လူတွေနဲ့ပေါင်းနေရတာလဲ။ ဆရာဝန်က နေမကောင်းတဲ့လူဆီကိုပဲ ကုဖို့လာတာ။ နေကောင်းတဲ့လူဆီကို မဟုတ်ဘူး။ ငါကလည်း အကျင့်မကျင့်နိုင်တဲ့လူဆီကို ကယ်ဖို့လာတာ။ ကျင့်နိုင်တယ်ဆိုတဲ့လူဆီကိုလာတာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်း ထပ်ပြောပြပါဦး။ ဘာမှစိတ်ပူမနေကြနဲ့။ မင်းတို့အဖေဖြစ်တဲ့ဘုရားသခင်က သူ့ရဲ့နိုင်ငံတော်ကိုတောင် မင်းတို့ကို ပေးချင်နေတာ။ မင်းတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုရောင်းလိုက်။ ရလာတဲ့ပိုက်ဆံကို ဆင်းရဲတဲ့လူတွေကို ပေးလိုက်ပါ။ အဲဒါဆို မခိုးနိုင်၊ မဖျက်စီးနိုင်တဲ့မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေက ဘုရားသခင်ရဲ့နိုင်ငံတော်ဘဏ်မှာ မင်းတို့ကို စောင့်နေလိမ့်မယ်။ မင်းတို့စုဆောင်းထားတဲ့ဘဏ်ကိုပဲ မင်းတို့ရဲ့စိတ်တွေက အမြဲရောက်နေတတ်ကြတာပဲ မဟုတ်လား။ အဒေါ် အဒေါ့်ရောဂါက လုံးဝလွတ်သွားပြီ ဟယ် ကြည့်စမ်း သူ့ခါး မတ်သွားပြီ။ ယေရှုက တန်ခိုးကြီးလိုက်တာဟယ်။ ဒီမှာလာကြည့်၊ လာကြည့်။ ကျေးဇူးတင်လိုက်တာ ဘုရားသခင်ရယ်။ ကျေးဇူးတင်လိုက်တာ။ (၁၈) နှစ်လုံးလုံး ဒီရောဂါကို ခံစားခဲ့ရတာပါ လူနာတွေက (၆) ရက်လုံးလုံး လာအကုခံလို့ရနေတာပဲ။ ဥပုဒ်နေ့တော့ ဥပုဒ်ပဲစောင့်ကြ။ ရောဂါကုတာတွေ မလုပ်ကြနဲ့လေ။ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး။ မင်းတို့က ဥပုဒ်နေ့တွေမှာ နွားတွေ၊ မြင်းတွေကို ရေသောက်ဖို့ တင်းကုတ်က လွှတ်ပေးကြပြီးတော့ ငါကျတော့ ဒီဥပုဒ်နေ့မှာပဲ (၁၈) နှစ်လုံးလုံး ရောဂါခံစားနေရတဲ့ဒီအဒေါ်ကြီးကို ရောဂါကလွတ်အောင် လုပ်ပေးလို့မရတော့ဘူးလား။ တစ်ခုလောက်မေးချင်တယ်။ ထာဝရအသက်ရဖို့ ကျွန်တော်ဘာလုပ်ရမလဲ။ ဘုရားသခင်ပြောထားတာတွေ မှတ်မိတယ် မဟုတ်လား။ "တခြားသူရဲ့အိမ်ထောင်ရေးကို မဖျက်စီးရဘူး။ လူမသတ်ရဘူး။ လိမ်မပြောရဘူး။ မိဘကိုရိုသေရမယ်" ဆိုတာတွေအားလုံးကို သိပြီးသားမဟုတ်လား။ ဒါတွေအားလုံးကို ဟိုးငယ်ငယ်လေးကတည်းက စောင့်ထိန်းလာခဲ့တာပဲလေ။ ဟုတ်ပြီ ဒါပေမယ့် လုပ်စရာတစ်ခုကျန်သေးတယ်။ မင်းပိုင်တာတွေအားလုံးရောင်းလိုက်။ ရတဲ့ပိုက်ဆံကိုဆင်ရဲသားတွေကိုပေးလိုက်။ ပြီးရင် ငါ့နောက်လိုက်ခဲ့။ ဒါဆို ဘုရားသခင်က ဆုပေးလိမ့်မယ်။ ကျွန်တော့်မှာရှိသမျှအားလုံး ရောင်းရမယ်ဆိုရင်တော့ ကျွန်တော်ဒုက္ခရောက်မှာပေါ့။ ချမ်းသာတဲ့လူတွေက ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဝင်ဖို့ခက်တယ်။ ကုလားအုပ်တစ်ကောင် အပ်ပေါက်ထဲဝင်ရတာထက် နိုင်ငံတော်ကို သူတို့ဝင်ဖို့ ပိုခက်တယ်။ ငါတို့လိုလူတွေကတောင် မဝင်နိုင်ရင် ဘယ်လိုလူက ဝင်နိုင်မှာလဲ။ လူကတော့မဝင်နိုင်ပေမယ့် ဘုရားသခင်က ဝင်ခွင့်ပေးနိုင်တယ်။ ဒါဆို ဘုရားသခင်ရဲ့နိုင်ငံတော်က ဘယ်မှာလဲ။ ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာ မျက်စိနဲ့မမြင်နိုင်ဘူး။ ဘယ်သူကမှ "ကြည့် ဟိုမှာလေ၊ ဒီမှာလေ" လို့ မပြောနိုင်ဘူး။ နိုင်ငံတော်က မင်းတို့ဆီမှာပဲရှိတယ်။ ငါ့ကို တွေ့ချင်ပေမယ့် တွေ့လို့မရတဲ့နေ့တစ်နေ့ ရောက်လာလိမ့်ဦးမယ်။ အရှေ့ဘက်က လျှပ်စီးလက်လိုက်ရင် အနောက်ဘက်အထိ ကောင်းကင်တစ်ခုလုံး ကိုတွေ့ရသလို ငါပြန်ရောက်လာတာကိုလည်း ထင်ထင်ရှားရှား တွေ့ရလိမ့်မယ်။ ဒါပေမယ့် အရင်ဆုံး ငါ့ရဲ့လူမျိုးတွေက ငါ့ကိုလက်မခံကြလို့ ဆင်းရဲဒုက္ခအမျိုးမျိုး ငါခံရဦးမယ်။ အခု ငါ့ကိုမြင်ခွင့်ရလို့၊ ငါပြောတာတွေကြားခွင့်ရလို့ မင်းတို့မင်္ဂလာရှိတယ်။ ဘုရားသခင်နဲ့တိုက်ရိုက်စကားပြောနိုင်တဲ့သူတွေတောင် ရှင်ဘုရင်တွေတောင် ဒီလို အခွင့်အရေးရတာမဟုတ်ဘူး။ ထာဝရအသက်ကို ဘယ်လိုရမလဲ။ ကျမ်းစာက ဘာပြောထားလဲ။ ဘယ်လိုနားလည်လဲ။ ဘုရားသခင်ကို ချစ်နိုင်သလောက် အချစ်တွေအားလုံးနဲ့ အစွမ်းကုန်ချစ်ပါ။ ကိုယ်နဲ့ဆိုင်တဲ့သူကိုလည်း ကိုယ့်ကိုယ်ကိုချစ်သလို ချစ်ပါ။ အဲဒီလိုချစ်နိုင်ရင် မင်းလိုချင်တဲ့အသက် ရမယ်။ ကိုယ်နဲ့ဆိုင်တဲ့လူဆိုတာ ဘယ်သူလဲ။ အဲဒီစစ်သားတွေလား။ ဆီဇာဘုရင်ကိုလား။ တစ်ခါတုန်းက လူတစ်ယောက် ယေရိခေါမြို့ကိုသွားတဲ့လမ်းမှာ ဓားပြတိုက်ခံရတယ်။ ဓားပြတွေက သူ့ကို သေလုမြောပါးရိုက်နှက်ပြီး သူ့ပစ္စည်းအားလုံးကိုလည်း ယူသွားတယ်။ ဘာသာရေးဆရာတစ်ယောက် အနားရောက်လာတယ်။ သူ့ကိုမြင်တော့ ရှောင်ထွက်သွားတယ်။ ဘာသာရေးဆရာနောက်တစ်ယောက်လည်း ထပ်ရောက်လာတယ်။ ပထမတစ်ယောက်လိုပဲ ရှောင်ထွက်သွားတယ်။ ပြီးတော့ လူတိုင်းကရွံရှာတဲ့ရှမာရိလူမျိုးတစ်ယောက် ရောက်လာတယ်။ သူ့ကိုတွေ့တော့ သနားသွားတယ်။ သူ့ဒဏ်ရာတွေကို ဆေးထည့်ပေးတယ်။ ပြီးတော့ သူ့ကိုမြင်းပေါ်တင်ပြီး တည်းခိုစရာအိမ်တစ်အိမ်ကို ပို့ပေးတယ်။ ကုန်ကျငွေကို ရှင်းပေးပြီး "ဒီလူကို ဂရုစိုက်ပေးပါ။ ကျွန်တော်ပြန်လာရင် နောက်ထပ်ကျသလောက် ထပ်ရှင်းပေးပါ့မယ်"လို့ အိမ်ပိုင်ရှင်ကို မှာထားခဲ့သေးတယ်။ ဒါဆို ဒီလူ (၃) ယောက်ထဲမှာ ဓားပြအတိုက်ခံရတဲ့လူနဲ့ဆိုင်တဲ့လူက ဘယ်သူဖြစ်မယ်ထင်လဲ။ ကူညီတဲ့ရှမာရိလူပေါ့။ ဟုတ်တယ်။ သမီးပြောတာ မှန်တယ်။ လာ ဘုရားသခင်ရဲ့နိုင်ငံတော်က ဒီလိုကလေးတွေအတွက်ပဲ။ ကလေးတွေ ငါ့ဆီကို လာပါစေ။ သေချာနားထောင်။ မင်းတို့လည်း ဒီကလေးတွေယုံကြည်သလို မယုံကြည်ရင် ဘုရားသခင်ရဲ့နိုင်ငံတော်ကို ဘယ်တော့မှ ဝင်ရမှာ မဟုတ်ဘူး။ ငါ့မျက်နှာကိုထောက်ပြီး ကလေးတွေကို လက်ခံတာက ငါ့ကို မင်းတို့လက်ခံလိုက်တာနဲ့ အတူတူပဲပေါ့ အနှိမ့်ချဆုံးလူက အမြင့်မြတ်ဆုံး လူဖြစ်လိမ့်မယ်။ အမလေး ဘာဖြစ်နေကြတာလဲ။ နာဇရက်မြို့သားယေရှုကိုသိတယ်မဟုတ်လား၊ အခုသူလာနေတာ။ ယေရှု ယေရှု ယေရှု ယေရှု ကယ်တင်ရှင်ယေရှု ကျွန်တော့်ကို ကယ်ပါဦး ယေရှုရယ်။ ငါဘာလုပ်ပေးရမလဲ။ မျက်စိပြန်မြင်ချင်ပါတယ်။ အဘရဲ့ ယုံကြည်မှုက အဘကို ကယ်လိုက်ပြီ။ ငါမြင်ပြီ ငါမြင်ရပြီ ငါမြင်ရပြီ ယေရှုကတန်ခိုးကြည့်လိုက်တာ ဂျေရုဆလင်မြို့တော်ကိုသွားတဲ့လမ်းတစ်လျှောက်လုံး လူအုပ်ကြီးတွေနဲ့ပဲ ယေရှုတွေ့နေရတယ်။ တွေ့တဲ့လူတိုင်းက ယေရှုကို သူတို့ရဲ့အပြစ်က ဘယ်လိုလွတ်နိုင်မလဲ၊ ဘုရားသခင်ကရော သူတို့ကို တကယ်ကယ်တင်နိုင်မလားဆိုတာတွေ မေးကြတယ်။ သူက တကယ့် ကယ်တင်ရှင်အစစ်ပဲ။ ယေရှုရောက်လာတာကောင်းလိုက်တာကွာ။ ယေရှု ကျန်းမာပါစေ။ ကယ်တင်ရှင်ယေရှု ဘုန်းကြီးပါစေ။ အဲဒီမြို့မှာ ဇက္ခဲလို့ခေါ်တဲ့အခွန်ကောက်တစ်ယောက်ရှိတယ်။ သူက အခွန်မတရားကောက်လို့ လူတိုင်းက မုန်းနေကြတယ်။ ယေရှုက သူ့မြို့ကိုရောက်နေတယ်ကြားတော့ ယေရှုကိုတွေ့ချင်တာပေါ့။ ဒါပေမယ့် ဇက္ခဲက အရပ်ပုလို့ ယေရှုကိုမြင်ရအောင် အပင်တစ်ပင်ပေါ်က တက်ကြည့်ရတယ် ကြည့်စမ်း ဟိုမှာ ဇက္ခဲ။ ဇက္ခဲရေ မြန်မြန်ဆင်းလာ ဒီနေ့ မင်းအိမ်မှာ ငါတည်းမလို့ ကျွန်တော့်အိမ်။ ဘယ်သူမှမတည်းချင်တဲ့သူ့အိမ်မှာတည်းမယ် ဟုတ်လား။ အမလေးတော် ဇက္ခဲက ယေရှုကိုလည်း သိနေပြန်ပြီလား။ ဒီမှာ ဆင်းရဲသားတွေကို ငါပိုင်တဲ့ ပိုက်ဆံတစ်ဝက် ပေးလိုက်မယ်။ ငါမတရားကောက်ခဲ့တဲ့ အခွန်တွေကိုလည်း (၄) ဆပြန်ပေးပါ့မယ်။ ငါတော့ မယုံဘူးဟေ့။ အခွန်တွေကောက်တုန်းကကောက်ပြီး ခုမှပြန်ပေးမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဇက္ခဲက လမ်းမှားရောက်နေပေမယ့် အာဗြဟံရဲ့မျိုးဆက်မို့လို့ သူ့အပြစ်တွေကလွှတ်ပြီး ကောင်းကြီးတွေလည်း ပေးလိုက်ပြီ။ ငါလာတာက လမ်းမှားရောက်နေတဲ့လူတွေကို ကယ်တင်ဖို့ပဲ။ နားထောင်ကြ ဘုရားသခင်ပြောထားတာတွေအားလုံး တကယ်ဖြစ်လာတော့မယ်။ ငါ ဂျေရုဆလင်မြို့ကို သွားရမယ်။ အဲဒီမှာ လူတွေက ငါ့ကို လှောင်ပြောင်ကြလိမ့်မယ်။ ညှင်းဆဲလိမ့်မယ် သတ်ကြလိမ့်မယ်။ ဒါပေမယ့် နောက် (၃) ရက်မှာ ငါပြန်ရှင်လာမယ်။ ယေရှုက တစ်လောကလုံးရဲ့အပြစ်တွေအတွက် အသေခံပေးဖို့ ဂျေရုဆလင်မြို့တော်ကို တန်းတန်းမတ်မတ်သွားလိုက်တယ်။ ယေရှုရောက်တော့ လူအုပ်ကြီးက ဘုရင်အဖြစ်လက်ခံပြီး ဝမ်းသာအားရ ကြွေးကြော်အော်ဟစ်ကြိုဆိုကြတယ်။ ဟေး ခင်ဗျားလူတွေကို တိတ်တိတ်နေခိုင်းလိုက်။ ဒီလူတွေသာ တိတ်တိတ်နေနိုင်မယ်ဆိုရင် ကျောက်ခဲတွေတောင် ထပြီး အော်ရယ်ကြတော့မှာပေါ့။ ယေရှု ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ယေရှုက ဂျေရုဆလင်မြို့အနားရောက်လာတဲ့အခါ မြို့ကိုမြင်တော့ဝမ်းနည်းပြီးငိုကြွေးတယ် ငြိမ်းချမ်းမှုအစစ်က ဘယ်ကလာလဲဆိုတာ မင်းတို့အခုအထိ မသိကြသေးပါလား။ ဒါဆိုရင် မင်းတို့ရန်သူတွေက လေးဘက်လေးတန်ကိုဝိုင်းပြီး မင်းတို့ကိုရော မင်းတို့သားသမီးတွေကိုရော မြေကြီးပေါ်ကနေ ပျောက်ကွယ်သွားအောင်လုပ်တဲ့အချိန် ရောက်လာလိမ့်မယ်။ အဲဒီလိုဖြစ်နေတာကလည်း မင်းတို့ငြိမ်းချမ်းအောင် ဘုရားသခင်ကိုယ်တိုင်လာကယ်တင်ပေးတဲ့ကျေးဇူးကို မင်းတို့မသိကြသေးလို့ပါ။ ဘုရားသခင်ရဲ့ဗိမာန်တော်ကြီးဟာ ဘုရားကိုဆုတောင်းရမယ့်နေရာ၊ ဘုရားကိုစကားပြောရမယ့်နေရာအဖြစ်ကနေ ပိုက်ဆံရှာတဲ့နေရာဖြစ်လာခဲ့တယ်။ အဲဒါကြောင့် ဗိမာန်တော်ကြီးကိုလာကြပေမယ့် ဘုရားနဲ့စကားမပြောကြတော့ဘဲ ပိုက်ဆံပဲ ရှာနေကြတော့တယ်။ အဲဒီတော့ ဘုရားနဲ့ တကယ်စကားပြောဖို့လာတဲ့လူတွေအတွက် အနှောက်အယှက်ဖြစ်နေတာပေါ့။ ၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃ ၊၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ဘုရားသခင်နဲ့ စကားပြောဖို့လာတဲ့လူတွေ၊ ဆုတောင်းဖို့လာတဲ့လူတွေကို နှောင့်ယှက်နေကြတာလား။ ဒီနေရာကို ဒုစရိုက်နေရာလုပ်နေကြတာလာ။ ငါ့အကောင်တွေ လွတ်ကုန်ပြီ။ ဖမ်းပေးကြပါဦး။ ဖမ်းထားပေးကြပါဦး။ လာကြပါဦး၊ လာကြပါဦး။ လူတွေက သူ့ကို ဘုရင်လို့ ပြောနေကြတယ် ဟုတ်လား။ မင်းသေချာလား။ ဘုရင်၊ ဟား ဟား ဟား သူခိုးဘုရင်၊ သူတောင်းစားဘုရင်ပါကွာ သူ့ လို ဘုရင်မျိုး ငါတို့တွေ့ဖူးပါတယ်။ ကြာရင် အားလုံးမေ့သွားကြမှာပါပဲကွာ။ အထင်မသေးလိုက်နဲ့ဦး။ ခုချိန်ဆိုရင် သူ့ရဲ့အုပ်စုက ပိုပိုပြီး ကြီးလာပြီနော်။ ဘာပဲဖြစ်ဖြစ်။ မင်းတို့ကို ငါသတိပေးလိုက်မယ်နော်။ သူ ငါ့ကိုလာထိလို့ကတော့ မင်းတို့နဲ့ငါနဲ့ တွေ့ပြီသာမှတ်။ သူတကယ်ပြောနေတာဆိုရင်တော့ ယေရှုနဲ့တော့ တွေ့တော့မှာပဲ။ တစ်နေ့ ယေရှု ဗိမာန်တော်ကြီးကိုလာတော့ သူဌေးတွေကပစ္စည်းတွေလှူနေကြတယ်။ အရမ်းဆင်းရဲတဲ့မုဆိုးမတစ်ယောက်လည်း သူ့မှာရှိသမျှပိုက်ဆံအားလုံး လှူလိုက်တာကို ယေရှုတွေ့တယ်။ အမလေး နည်းလိုက်တာဟယ်။ ဟင်း နည်းနည်း ပိုပြီးမလှူနိုင်တော့ဘူးလား၊ မသိဘူး။ နားထောင်ကြစမ်း။ သူ့အလှူက မင်းတို့အလှူထက်သာတယ်။ ဘာဖြစ်လို့လဲသိလား။ မင်းတို့က မင်းတို့မှာရှိသမျှအားလုံးထဲက နည်းနည်းလေးပဲလှူကြတာ။ သူကတော့ သူ့ရှိသမျှအားလုံးကို လှူပစ်တာ။ ဒီမှာ ဒီလိုပြောဖို့အခွင့် ခင်ဗျားကိုဘယ်သူက ပေးထားတာလဲ။ ယောဟန်ရေဆေးပေးတာကရော ဘုရားသခင်ခိုင်းလို့လုပ်တာလား။ သူ့ဘာသာသူလုပ်ချင်လို့လုပ်တာလား။ ဘယ်လိုဖြေရင်ကောင်းမလဲ။ ဘုရားခိုင်းတာလို့ ဖြေလိုက်ရင် "ယောဟန်ကို မယုံဘူးလား"လို့ မေးနေဦးမယ်။ သူ့ဘာသာသူလုပ်တာလို့ ဖြေရင်လည်း သူ့ကိုဘုရားလူလို့ သတ်မှတ်ထားတော့ ခဲနဲ့ဝိုင်းပေါက်ကြမှာပေါ့။ ငါတို့မသိလို့ ဘားမှမပြောနိုင်ဘူး။ ဒါဆိုငါလည်း ဘယ်သူပြောခွင့်ပေးတာလဲဆိုတာမပြောဘူး။ တစ်ခါတုန်းက စပျစ်ဥယျာဉ်ပိုင်ရှင်တစ်ယောက်က သူ့ဥယျာဉ်ကို ဥယျာဉ်အလုပ်သမားတွေနဲ့ ထားထားပြီး တခြားမှာသွားနေတယ်။ စပျစ်ပေါ်ချိန်ရောက်တော့ သူ့လူတစ်ယောက်ကို စပျစ်သီးတွေ သွားယူခိုင်းလိုက်တယ်။ ဒါပေမယ့် အလုပ်သမားတွေက မပေးဘဲ ရိုက်လွှတ်လိုက်တယ်။ အဲဒါနဲ့ နောက်တစ်ယောက်ထပ်လွှတ်လိုက်တယ်။ သူ့ကိုလည်း ပထမလူလိုပဲ ဘာမှမပေးဘဲ ရိုက်နှက်ပြီးပြန်လွှတ်လိုက်တယ်။ ဒါနဲ့ နောက်တစ်ယောက်ထပ်လွှတ်လိုက်တယ်။ သူလည်း အရင်လူတွေလိုပဲ ရိုက်နှက်ပြီးမောင်းထုတ်ခံလိုက်ရတယ်။ နောက်ဆုံး ပိုင်ရှင်က "ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါ့သားကိုလွှတ်လိုက်ရင်တော့ အားနာကြမှာပါ"လို့ စဉ်းစားပြီး သူ့သားကိုလွှတ်လိုက်တယ်။ ပိုင်ရှင်ရဲ့သားကိုတွေ့တော့ အလုပ်သမားတွေက"ပိုင်ရှင်ရဲ့အမွေစားအမွေခံသားပါလား။ သူ့ကို သတ်လိုက်ရင် သူရမယ့်အမွေ ငါတို့ရမှာပဲ"လို့ ကြံစည်ကြတယ်။ အဲဒီတော့ ဘာဖြစ်သွားလဲ။ ပိုင်ရှင်ရဲ့သားကို ခြံပြင်ထုတ်ပြီး သတ်ပစ်လိုက်တယ်။ သူ့သားကိုသတ်လိုက်တော့ ပိုင်ရှင်က ဘာလုပ်မယ်လို့ ထင်လဲ။ ပိုင်ရှင်က အဲဒီအလုပ်သမားတွေကိုသတ်ပြီး အလုပ်သမားအသစ်တွေ ထပ်ခေါ်မှာပေါ့။ ပန်းရံဆရာတွေမကြိုက်လို့ ဖယ်ထားတဲ့ကျောက်က ဘာကျောက်လဲသိလား။ အုတ်မြစ်ကျောက်ပဲ။ အဲဒီအဓိပ္ပါယ်က ဘာလဲ၊ သိလား။ အဲဒီကျောက်ပေါ်ကို လူကျရင် လူကကျိုးကျေသွားမယ်။ အဲဒီကျောက်က လူပေါ်ကိုကျရင်လည်း လူကပဲ ကျိုးကျေသွားမယ်။ ဆရာ လူတွေကို ဘုရားသခင်အကြောင်း သင်ပေးတဲ့နေရာမှာ ခင်ဗျားကဘယ်သူမျက်နှာမှ မထောက်တတ်ဘူးဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါဆို တစ်ခုလောက်မေးမယ် ဆီဇာဘုရင်ကို အခွန်ပေးသင့်လား၊ မပေးသင့်ဘူးလား။ ပြောပါဦး။ ဆရာ ထောင်ချောက်ဆင်တဲ့မေးခွန်းနော် သတိထား။ မင်းပိုက်ဆံခဏလောက်ပေး ဒီပိုက်ဆံပေါ်မှာ ဘယ်သူ့ပုံပါတာတွေ့လဲ။ ဆီဇာ ဆီဇာရဲ့ဥစ္စာ ဆီဇာကို ပေးပါ။ ဘုရားသခင်ရဲ့ဥစ္စာ ဘုရားသခင်ကို ပေးလိုက်ပါ။ ကဲ ခင်ဗျားတို့ ဘာထပ်ပြောချင်ကြသေးလဲ။ ကျွန်ဘဝကလွတ်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ကယ်တင်ခြင်းပွဲတော်အချိန်ရောက်လာပါတယ်။ အဲဒီအချိန်မှာ ယေရှုက ပေတရုနဲ့ယောဟန်ကို ပွဲတော်အတွက် ပြင်ဆင်ခိုင်းထားတယ်။ ငါအသေမခံခင် ဒီစားပွဲကို မင်းတို့နဲ့အတူတူ စားချင်တာ။ တို့အားလုံး ဘုရားသခင်ရဲ့နိုင်ငံတော်မှာ ပြန်ဆုံမယ့်အချိန်အထိ ဒီစားပွဲကို ငါထပ်မစားတော့ဘူး။ စကြဝဠာကြီးရဲ့အရှင် ဘုရားသခင် ဒီသောက်စရာကို ဖန်ဆင်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ သောက်လိုက်ကြ။ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ တို့အားလုံးပြန်ဆုံမယ့်အချိန်အထိ ဒီသောက်စရာကို ငါထပ်မသောက်တော့ဘူး။ စကြဝဠာကြီးရဲ့အရှင် ဘုရားသခင် ဒီစားစရာကို ဖန်ဆင်းပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီစားစရာက မင်းတို့စားဖို့ ချိုးဖဲ့ပေးလိုက်တဲ့ငါ့ရဲ့ ခန္ဓာကိုယ်ပဲ စားတဲ့အခါတိုင်း ငါ့ကို သတိရပြီးစားကြပါ။ ဒီသောက်စရာက မင်းတို့အတွက် သွန်းလောင်းပေးလိုက်တဲ့ငါရဲ့သွေးကတိတော်အသစ်ပဲ။ ငါ့ကို ရောင်းစားမယ့်သစ္စာဖောက်ကလည်း အခု ဒီစားပွဲမှာထိုင်နေတယ်။ သူဘာတွေပြောနေတာလည်း ငါက တကယ်အသေခံရမယ်။ ငါ့ကိုရောင်းစားမယ့်သစ္စာဖောက်က ကျိန်ခြင်းခံရမယ်။ သစ္စာဖောက်က ဘယ်သူလဲ။ ဘယ်သူ့ကို ပြောနေတာလဲ။ အဲဒါ ဘယ်သူလဲဆရာ။ ငါမဟုတ်ဘူးနော်။ ကဲကဲ အဲဒီအကြောင်း ခဏထားလိုက်ကြဦး။ အကြီးဆုံးဖြစ်ချင်ရင် အငယ်ဆုံးလို နေရမယ်။ ဆရာဖြစ်ချင်ရင် တပည့်လို နေရမယ်။ ဘယ်သူက ပိုကြီးမြတ်လဲ။ စားပွဲမှာထိုင်စားတဲ့သခင်လား၊ အခိုင်းအစေလား။ စားပွဲမှာထိုင်စားတဲ့သခင်ပေါ့။ ငါက စားပွဲမှာထိုင်စားထိုက်တဲ့သခင်ဖြစ်နေရင်လည်း မင်းတို့ကိုလည်း လုပ်ကျွေးပြုစုပေးသေးတယ်။ မင်းတို့က ငါဒုက္ခအမျိုးမျိုးခံရတဲ့အချိန်တိုင်း ငါ့ဘေးမှာ အမြဲရှိနေကြတယ်။ ငါ့အဖေဖြစ်တဲ့ဘုရားသခင်က ငါ့ကို သူ့နိုင်ငံတော်ပေးထားသလို ငါကလည်း မင်းတို့ကို အဲဒီနိုင်ငံတော်ကို အုပ်စိုးရတဲ့အခွင့်ပြန်ပေးမယ်။ ငါနဲ့တစ်စားပွဲတည်းထိုင်ပြီး အတူစားသောက်ရတဲ့အခွင့်လည်း မင်းတို့ကို ပေးဦးမယ်။ ဒီမှာ သစ္စာဖောက်မရှိပါဘူး ဆရာ။ ပေတရု၊ ပေတရု သတိထားစမ်း။ ဆန်ကွဲကို ဆန်ခါနဲ့ စစ်ချသလို နတ်ဆိုးကလည်း မင်းတို့ယုံကြည်မှုပျက်သွားအောင် စစ်ချနေတာ။ လှည့်စားနေတာ။ မင်းရဲ့ယုံကြည်မှု မပျက်သွားဖို့ ငါဆုတောင်းပေးပြီးပြီ ပေတရု။ မင်းပြန်ယုံကြည်လာရင် ညီအစ်ကိုတွေယုံကြည်လာအောင်လည်းလုပ်ပါ။ ဆရာ ဆရာအဖမ်းခံရရင် ကျွန်တော်လည်းအဖမ်းခံမယ်။ သေချင်သေသွားပါစေ။ မဟုတ်ဘူး ပေတရု။ ဒီနေ့ လင်းကြက်မတွန်ခင် "ယေရှုကို ငါမသိဘူး"ဆိုပြီး (၃) ခါတောင် မင်းပြောဦးမှာ။ အရင်တုန်းက ငါတစ်ခုခုခိုင်းလိုက်ရင် မင်းတို့ဘာမှယူသွားစရာမလိုဘူးနော်။ ဟုတ်ကဲ့၊ မလိုပါဘူး။ ဒါပေမယ့် အခုတော့ ပိုက်ဆံရှိတဲ့လူက ပိုက်ဆံယူသွား။ ဓားမရှိတဲ့လူက ရှိတာရောင်းပြီး ဓားဝယ်။ ဘာဖြစ်လို့လဲသိလား။ "ကယ်တင်ရှင်ကို လူဆိုးစာရင်းသွင်းကြလိမ့်မယ်"ဆိုတဲ့ ကျမ်းစာထဲမှာပါတဲ့အကြောင်း အခုဖြစ်တော့မယ်။ ဆရာ ဒီမှာကြည့် ဓား (၂) လက်တောင်ရှိတယ်။ ထားလိုက်ပါတော့ကွာ။ တစ်ချိန်ထဲမှာပဲ ဘာသာရေးဆရာတွေက ယေရှုကိုဘယ်လိုဖမ်းရမလဲလို့ တိုင်ပင်နေကြတယ်။ နတ်ဆိုးကလည်း ယေရှုရဲ့တပည့်သစ္စာဖောက်ယုဒရှကာရုတ်ကို ဝင်ပူးလိုက်တယ်။ အဲဒါကြောင့်သူက ဘာသာရေးဆရာတွေဆီသွားပြီး ယေရှုကိုရောင်းစားဖို့လုပ်တယ်။ ယေရှုနဲ့သူ့တပည့်တွေကလည်း ဆုတောင်းနေကျတောင်ပေါ်မှာ ဆုတောင်းဖို့ရောက်နေကြတယ်။ နတ်ဆိုးဆီမှာ မရှုံးဖို့ ဆုတောင်းကြ။ ဘာသာရေးဆရာတွေဆီရောက်နေတဲ့ယုဒရှကာရုတ်က ယေရှုကို ငွေဒင်္ဂါး (၃၀) နဲ့ ရောင်းစားလိုက်တယ်။ လူသားအားလုံးရဲ့အပြစ်အတွက် အသေခံရမယ့်အချိန်ရောက်ပြီဆိုတာ ယေရှုကကြိုသိလို့ တစ်ယောက်တည်း ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်တယ်။ အဖေ ဒီဒုက္ခတွေကို သားဆီက ဖယ်ပေးပါ။ ဒါပေမယ့် သားဆန္ဒမဟုတ်ဘဲ အဖေ့ဆန္ဒအတိုင်းလုပ်ပါ။ ဆုတောင်းနေတဲ့အချိန်မှာပဲ ကောင်းကင်တမန်တစ်ပါး ရောက်လာပါတယ်။ သူခံစားရမယ့်ဒုက္ခဝေဒနာက အစပျိုးနေလို့ ခွန်အားပေးပါတယ်။ အဲဒီဝေဒနာကြောင့် မြေကြီးပေါ်ကျသွားတဲ့ ယေရှုရဲ့ချွေးစက်တွေက သွေးစက်တွေတောင်ဖြစ်နေပါတယ်။ ဘာဖြစ်လို့ အိပ်နေကြတာလဲ။ ထကြ နတ်ဆိုးဆီမှာ မရှုံးဖို့ ဆုတောင်းကြ။ ယုဒပါလား။ ဒီအနမ်းနဲ့ ငါ့ကို ရောင်းစားလိုက်တာလား။ ကျွန်တော်သူတို့ကို သတ်ပစ်လိုက်ရမလား ဆရာ။ လာသူ့ကို ဖမ်းလိုက်။ တော်ကြစမ်း။ သူကတန်ခိုးကြီးလိုက်တာ။ ဓားတွေ၊ တုတ်တွေနဲ့ ငါ့ကို ဓားပြဖမ်းသလို လာဖမ်းကြတာလား။ မင်းတို့မှာ မိစ္ဆာတန်ခိုးပဲရှိတာဆိုတော့ တစ်ချိန်လုံး ဗိမာန်တော်ကြီးမှာရှိနေတုန်းက ငါ့ကို မဖမ်းရဲကြဘဲ အခု မှောင်တော့မှ လာဖမ်းရဲကြတယ်ပေါ့လေ။ သူ့ကိုဖမ်းလိုက်။ သူ့ကိုသေချာ ခေါ်သွား။ သူတို့က ယေရှုကို ဖမ်းချုပ်ထားလိုက်ပြီး "ဘုရင်ကြီး"လို့ လှောင်ပြောင်ကြတယ်။ ဒီမှာကြည့်စမ်း ဒီဘုရင်ကြီး သူ့နန်းတော်မှာဝတ်တဲ့ဝတ်ရုံလေ။ ဒီဘုရင်ကြီးက တန်ခိုးတော်တော်ကြီးတယ် ဟုတ်လား။ အဲဒီတန်ခိုးကို နည်းနည်းလောက်ပြပါဦးလား၊ ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး အရှင်မင်းကြီးရယ်။ ဒီလူက ယေရှုတပည့်ပဲ။ ယေရှုကို ငါမသိဘူး။ ကျွန်မ တွေ့လိုက်ပါတယ်။ သနားစရာကောင်းလိုက်တာ ဘုရင်ကြီးရယ် ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ခုတော့ ငါတို့ကို မော့ကြည့်နေရပြီ မဟုတ်လား။ ခင်ဗျားက ယေရှုရဲ့တပည့်မဟုတ်လား။ မဟုတ်ပါဘူး။ ဒီလူက ယေရှုတပည့် မဟုတ်လား။ တစ်ရွာတည်းသားတွေပဲလေ။ ထားလိုက်စမ်းပါကွာ။ မင်းဘာတွေပြောနေတာလဲ ငါမသိဘူး။ ယေရှုက ပေတရုကို လှည့်ကြည့်လိုက်တယ်။ အဲဒီတော့မှ "ဒီနေ့ လင်းကြက်မတွန်ခင် 'ယေရှုကို ငါမသိဘူး'ဆိုပြီး (၃) ခါတောင် မင်းပြောဦးမယ်"ဆိုတဲ့ ယေရှုပြောခဲ့တဲ့စကားကို သတိရသွားတယ်။ တောင်းပန်ပါတယ် ဘုရားသခင်။ ဘုရားသခင်က အရမ်းမြင့်မြတ်ပြီး ဘုန်းတန်ခိုးလည်းကြီးပါတယ်။ ကျွန်တော်တို့က တစ်ဘဝလုံး သစ္စာဖောက်နေခဲ့ကြတယ်။ ဒါပေမယ့် ဘုရားသခင်က အပြစ်မယူဘဲ ခွင့်လွှတ်နေတုန်းပဲ။ ကျွန်တော်တို့အပေါ်ထားတဲ့ဘုရားသခင်ရဲ့မေတ္တာတရား ကြီးမားပါတယ်။ ဘုရားသခင်က ပြောတဲ့အတိုင်းလုပ်တဲ့၊ ဂတိတည်တဲ့ဘုရားသခင်ပါ။ ကြိုသိနိုင်တယ်ဆို၊ တန်ခိုးကြီးတယ်ဆို အခု ဘယ်သူရိုက်လိုက်တာလဲ ပြော။ နောက်ထပ် ဘယ်သူရိုက်ဦးမလဲ။ ရပြီ၊ ရပြီ အခုတော်တော့ သူ့ကို တရားရုံးခေါ်သွားလိုက်။ သွားမယ်၊ ထ အမှုစစ်ဖို့ တရားရုံးကို ဘာသာရေးဆရာတွေရောက်လာကြတယ်။ မင်းက ဘုရားသခင် လွှတ်လိုက်တဲ့ကယ်တင်ရှင်ဆို ဟုတ်လား။ ငါပြောရင်လည်း မင်းတို့ယုံမှာမဟုတ်ဘူး။ ငါမေးရင်လည်း မင်းတို့ဖြေကြမှာမဟုတ်ဘူး။ ဘုန်းတန်ခိုးအာဏာကြီးတဲ့ဘုရားသခင်ရဲ့ညာဘက်နေရာကို သိပ်မကြာခင် ငါယူမယ်။ မင်းက ဘုရားသခင်ရဲ့သားမို့လို့လား။ မင်းပြောတဲ့အတိုင်းပဲ။ အလကား လျှောက်ပြောနေတာပါကွာ။ ဘုရားသခင်ကိုသူစော်ကားနေတာ အပြစ်ပေးရမယ်။ သူပြောတာကို ငါတို့နားနဲ့ဆတ်ဆတ်ကြားခဲ့ရတာပဲ။ ပိလတ်မင်းဆီ သွားပို့လိုက်။ ဟုတ်တယ်၊ ဟုတ်တယ် မြန်မြန်ခေါ်သွား။ လာ သူတို့က ယေရှုကို ပိလတ်မင်းဆီခေါ်သွားကြတယ်။ အဲဒီမင်းက လူတွေကို အမြဲတမ်း လက်ဝါးကားတိုင်ပေါ်တင်ပြီး ရက်ရက်စက်စက်သတ်ပစ်တတ်တယ်။ စောစောစီးစီး ဘာဖြစ်လာကြတာလဲကွာ။ ဒီလူက လူလိမ်ကြီးပါ အရှင်မင်းကြီး။ ဗိမာန်တော်ကြီးထဲမှာလည်း ဆူပူအောင်လုပ်တယ်။ သူ့ကို ဘယ်လိုအပြစ်ပေးမလဲ။ အပြစ်ပေးပါ။ ခိုင်လုံတဲ့သက်သေမရှိဘဲနဲ့ အပြစ်ဘယ်လိုပေးလို့ရမလဲ။ သက်သေရှိတာပေါ့။ "ဆီဇာဘုရင်ကို အခွန်မဆောင်ရဘူး" လို့ ပြောတယ်။ သူ့ကိုယ်သူ "ဘုရားသခင်ရွေးထားတဲ့ဘုရင်"လို့လည်း ပြောသေးတယ်။ ဘုရင် မင်းက ဂျူးလူမျိုးတွေရဲ့ဘုရင် ဟုတ်လား။ ဟုတ်တယ် သူက ဂါလိလဲပြည်ကနေဒီအထိ တစ်လမ်းလုံး ဆူပူအောင်လုပ်လာတာ။ ဂါလိလဲလား သူက ဂါလိလဲပြည်သားလား ဒါဆိုရင် ဟေရုဒ်မင်းနဲ့ပဲဆိုင်တယ် ငါနဲ့မဆိုင်ဘူးလေ။ ဟေရုဒ်မင်းဆီကိုပို့လိုက်။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ။ တပည့်တွေစုနေတာရော မင်း ဘယ်လောက်ရပြီလဲ။ အံ့ဩစရာတန်ခိုးတွေလည်း လုပ်ပြနိုင်တယ်ဆို တစ်ခုလောက် လုပ်ပြစမ်းကွာ။ မင်းကြီး သူ့ကိုယ်သူ "ဘုရင်"ဆိုပြီး ပြည်သူတွေကို လျှောက်လိမ်နေတယ်။ ဒီလူကဘုရင် ဟုတ်လား ဟား ဟား ဟား ဟား ဟား ဘုရင်မင်းမြတ်ကြီး ရိုက်လိုက်စမ်း ပိလတ်မင်းဆီ ပြန်ပို့လိုက်ကွာ ဒါက သူ့တိုင်းပြည်။ သူ့မှာ သတ်ရလောက်တဲ့အပြစ် ငါမတွေ့ဘူး အဲဒါကြောင့် နည်းနည်းပါးပါးဆုံးမပြီး လွှတ်ပေးလိုက်ပေါ့။ အရှင်မင်းကြီးက ကျွန်တော်တို့ကို တစ်ယောက်ယောက် လွှတ်ပေးစေချင်တယ်ဆိုရင်တော့ ဗာရဗ္ဗကို လွှတ်ပေးပါလား။ ဟုတ်တယ် သူ့ကိုတော့ သတ်ပေးပါ။ ဗာရဗ္ဗကိုတော့ လွှတ်ပေးပါ။ ကားတိုင်တင်ပြီး သတ်လိုက်ပါ။ ဟုတ်တယ်။ ကားတိုင်တင်လိုက်။ မင်းမင်း ရိုက်စမ်း။ ဘာလို့ သေမိန့်မပေးတာလဲ မင်းကြီး။ သူ့ကို တကယ့်ကယ်တင်ရှင်ထင်နေလို့လား အမလေး ထပ်မရိုက်ပါတော့နဲ့ရှင်။ တော်ပါတော့ မရိုက်ကြပါတော့နဲ့။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ ပြန်ထခိုင်းလိုက်စမ်း။ လူတွေကဆက်ပြီး ဗာရဗ္ဗကိုလွှတ်ပေးပြီး ယေရှုကိုပဲ ကားတိုင်တင်သတ်ဖို့ အော်ဟစ်နေကြလို့ ပိလတ်မင်းကလည်း ဘာမှမတတ်နိုင်တော့ဘဲ သူတို့တောင်းဆိုထားတဲ့အတိုင်း ဗာရဗ္ဗကိုတော့ လွှတ်ပေးလိုက်ရတယ်။ ယေရှုကိုတော့သတ်ဖို့ အမိန့်ချလိုက်ရတယ်။ မင်း နာမည်ပြောစမ်း။ ရှိမုန်လို့ခေါ်ပါတယ် ဆရာ။ မင်းဒီကိုလာခဲ့ ကြိုးဖြတ်လိုက် မင်းထမ်းစမ်း စိတ်မကောင်းလိုက်တာ ဆရာရယ်။ ဒီရေနည်းနည်းလောက် သောက်လိုက်ပါလား။ သောက်ပါဦး ဆရာ။ ဂျေရုဆလင်မြို့သူတွေ ငါ့အတွက်မငိုကြနဲ့။ မင်းတို့ကလေးတွေအတွက်ပဲ ငိုကြပါ။ ငါ့လိုကယ်တင်ရှင်တောင် ဒီလောက်နှိပ်စက်ခံရရင် တခြားလူတွေဆိုရင် စဉ်းတောင်မမစဉ်းစားကြည့်ရဲဘူး။ ဘုရားသခင် ကယ်ပါစေ။ ဘုရားသခင်လာကယ်ပါစေ ဆရာ။ သံရိုက်လိုက်တော့ မ ဟေ့ သပ်ရိုက်မယ် ကြိုးတွေဖြုတ်လိုက်တော့ သူတို့ဘာလုပ်နေမှန်း သူတို့မသိလို့ ခွင့်လွှတ်ပေးပါ အဖေ။ မင်းက ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ကယ်ပြလေ။ ဟုတ်တယ်။ သူများတွေကိုကယ်ခဲ့သလို ကိုယ့်ကိုကိုယ်လည်း ပြန်ကယ်ပြပါဦး။ တန်ခိုးပြစရာ မရှိတော့ဘူးလား။ "လူသားတွေကိုကယ်ဖို့လာတဲ့ကယ်တင်ရှင်ဟာ ဘာအပြစ်မှမရှိဘဲ လူဆိုးစာရင်းသွင်းခံရပြီး လူဆိုးတွေကြားထဲမှာ အသေခံရလိမ့်မယ်" ဆိုတဲ့ ဘုရားသခင်ပြောထားတဲ့ဗျာဒိတ်စကားအတိုင်း အခုတကယ်ဖြစ်နေပါပြီ။ ဒါက သာမန်လူဝတ်တဲ့ဝတ်ရုံတော့ မဟုတ်လောက်ဘူးနော်။ ဟား ဟား ဟား ဟေ့ဟေ့ဟေ့ မလုပ်နဲ့လေ ပြဲသွားဦးမယ်။ ဒီဝတ်ရုံနဲ့ ဆော့ရအောင်ဟေ့ ဟုတ်ပြီဟေ့။ ဒါကြီးနဲ့မင်းဘာလုပ်မှာလဲ။ "ဂျူးလူမျိုးတွေရဲ့ဘုရင်"လို့ ဆိုင်းဘုတ်ရေးပြီး ယေရှုရဲ့ကားတိုင်ပေါ်မှာ ကပ်ရိုက်လိုက်ကြတယ်။ ရှင်ဘုရင်ဆို ကိုယ့်ကိုယ်ကိုကယ်လိုက်ပါဦး။ ခင်ဗျားက ကယ်တင်ရှင်ဆိုရင် ကိုယ့်ကိုယ်ကိုရော ကျုပ်တို့ကိုရော ကယ်တင် ပြလိုက်ပါလား။ ဟေ့ကောင် ဘုရားကို မကြောက်ဘူးလား။ ငါတို့က ကိုယ့်အပြစ်နဲ့ကိုယ်ခံရတာ သူကတော့ ဘာအပြစ်မှမရှိဘဲ ခံရတာ။ ယေရှုရယ် ဘုန်းတန်ခိုးအာနုဘော်နဲ့ ဒီလောကကြီးထဲကို ပြန်ရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကို မမေ့ပါနဲ့ နော်။ စိတ်ချ။ ဒီနေ့ပဲ တို့နှစ်ယောက် ဘုရားသခင်ဆီမှာ ပြန်တွေ့မှာပါ။ အချိန်ကတော့ နေ့ခင်းကြောင်တောင်ပဲ။ ဒါပေမယ့် (၃) နာရီကြာအောင် ညသန်းခေါင်လို မှောင်ကျသွားတယ်။ ဗိမာန်တော်ကြီးထဲက သန့်ရှင်းတဲ့နေရာနဲ့အသန့်ရှင်းဆုံးနေရာကို ကားထားတဲ့ကုလားကာကြီးလည်း (၂) ခြမ်းကွဲသွားတယ်။ အဖေ သားရဲ့အသက်ဝိညာဉ်ကို အဖေ့လက်မှာ အပ်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်တဲ့တပ်မှူးက ယေရှုအပေါ် အမြင်မှန်ရသွားတယ် ဒီလူက တကယ်ဖြူစင်ပြီး အပြစ်ကင်းတဲ့လူတစ်ယောက်ပါလား။ ယေရှုကိုအပြစ်ပေးဖို့သဘောမတူတဲ့ ယောသပ်ဆိုတဲ့ဘာသာရေးဆရာတစ်ယောက်ရှိတယ်။ သူက ပိလတ်မင်းဆီမှာ ယေရှုရဲ့အလောင်းကို သွားတောင်းပြီးတော့ ဘယ်သူ့ကိုမှမသင်္ဂြိုလ်ဖူးတဲ့ ဂူသင်္ချိုင်းအသစ်မှာ သင်္ဂြိုလ်ဖို့လုပ်တယ်။ အလောင်းကို အမွှေးနံ့သာလိမ်းကြရအောင်။ လိမ်းလေ။ ဒါပေမယ့် ဥပုဒ်နေ့ပြီးမှ လာလိမ်းကြပါလား။ တနင်္ဂနွေနေ့မနက်စောစောမှာ အမျိုးသမီးတွေက အမွှေးနံ့သာတွေယူပြီး ယေရှုအလောင်းကိုလိမ်းဖို့ ဂူကိုပြန်လာကြတော့ ဂူပေါက်ပွင့်နေတာကို တစ်အံ့တစ်ဩတွေ့လိုက်ကြရတယ်။ ဂူထဲကို မြန်မြန်ဝင်ကြည့်လိုက်တော့ ယေရှုအလောင်းကို မတွေ့ရတော့ဘူး။ လူသေအလောင်းထားတဲ့ဂူသင်္ချိုင်းထဲမှာ အသက်ရှင်တဲ့လူကို ဘာဖြစ်လို့ လာရှာနေကြတာလဲ။ သူက ဒီမှာမရှိတော့ဘူး။ အသက်ပြန်ရှင်သွားပြီလေ။ "လူတွေက ငါ့ကို လှောင်ပြောင်ကြလိမ့်မယ်။ ညှင်းဆဲပြီး သတ်ကြလိမ့်မယ်။ ဒါပေမယ့် နောက် (၃) ရက်မှာ ငါပြန်ရှင်လာမယ်"လို့ ယေရှုပြောထားတာ မမှတ်မိဘူးလား။ ဟဲ့ ဒီမှာကြည့်စမ်း ဂူဝကို ကျောက်တုံးကြီးနဲ့ပိတ်ထားခဲ့တာလေ အခု အဲဒီကျောက်တုံးကြီးက ပြန်ပွင့်နေတယ်။ ပြီးတော့ အထဲမှာလည်း ယေရှုအလောင်းမရှိတော့ဘူး။ တကယ် ဘာ အလောင်းမရှိတော့ဘူး ဟုတ်လား။ ကောင်းကင်တမန် (၂) ပါးလည်း ရောက်လာပြီးတော့ ယေရှု အသက်ပြန်ရှင်သွားပြီ။ ဒီမှာ မရှိတော့ဘူးတဲ့။ အဲဒီအကြောင်းကိုလည်း ငါတို့ကိုပြောပြီးသားတဲ့ မေ့နေကြပြီလားတဲ့ နင်တို့ကိုနောက်နေတာ မဟုတ်ဘူး။ တကယ်ပြောနေတာ။ ကျွန်မတို့ မျက်စိနဲ့တွေ့ခဲ့တာ။ မယုံရင် ကိုယ့်မျက်စိနဲ့ကိုယ်သွားကြည့်ကြလေ။ ယေရှုအလောင်း ဂူထဲမှာမရှိတော့ဘူး။ မယုံရင် မြန်မြန်သွားကြည့်လိုက်ပေါ့။ ယေရှုကသူ့တပည့်နှစ်ယောက်ကိုကိုယ်ထင်ပြလိုက်တယ်။ သူ့တပည့်နှစ်ယောက်ကလည်း အခြားတပည့်တွေဆီပြန်လာပြီးပြောပြကြတယ်။ ယေရှု တကယ်ပြန်ရှင်သွားပြီ ပေတရုတောင် တွေ့ခဲ့သေးတယ်တဲ့ အတူတူသွားနေတုန်းက သူမှန်းမသိဘူး။ အတူတူစားတော့မှ သူမှန်းသိတာ။ သိလည်းသိရော ပျောက်သွားရောတဲ့။ အားလုံးပဲမင်္ဂလာပါ။ ဘာဖြစ်နေကြတာလဲ ငါ့ကို သရဲထင်နေလား။ ငါသရဲမဟုတ်ဘူး။ ဒီမှာကြည့် လာ ငါ့ကိုလာကိုင်ကြည့်ကြ လာကြည့်ကြလေ မကြောက်ကြနဲ့ ငါ့ကို ကိုင်လို့ရတယ်။ တွေ့လား သရဲဆိုရင် ဒီလိုကိုင်လို့ရမလားပြော။ ငါက အသက်ပြန်ရှင်လာတဲ့သူပဲ။ ဟိုးရှေးနှစ်ပေါင်းမြောက်များစွာကတည်းက ကျမ်းစာထဲမှာ ပြောထားတာတွေက အခုတော့ တကယ်ဖြစ်လာပြီလေ။ "ကယ်တင်ရှင် အသတ်ခံရမယ်။ နောက် (၃) ရက်မှာ ပြန်ရှင်လာလိမ့်မယ်"ဆိုတာ ကျမ်းစာထဲမှာ ပါပြီးသားမဟုတ်ဘူးလား။ နောင်တရရင် ဘုရားသခင်က ခွင့်လွှတ်ပေးမယ့်အကြောင်းတွေရယ်၊ မင်းတို့သိထားသမျှငါ့အကြောင်းတွေရယ် တစ်လောကလုံးကိုသွားပြီး ပြောပြဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် ခဏစောင့်ဦး မသွားနဲ့ဦး။ ဘုရားသခင်ဆီကတန်ခိုးမရခင်တော့ မသွားကြနဲ့ဦး။ အဲဒီတန်ခိုးရပြီးတော့မှသွား။ ဘုရားသခင်ဆီက ကောင်းချီးတွေ မင်းတို့ကိုပေးပါတယ်။ စကြဝဠာကြီးတစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့အခွင့်အာဏာ ငါရပြီ။ အဲဒီတော့ မင်းတို့ကလည်း တစ်လောကလုံးကိုသွားပြီး တွေ့တဲ့လူတိုင်းကို ငါတပည့်ဖြစ်အောင် အဖဘုရားသခင်၊ သားတော်ယေရှုနဲ့၊ သန့်ရှင်းသောဝိညာဉ်တော်တွေဆီမှာ ရေဆေးနှစ်ခြင်းမင်္ဂလာတွေပေးလိုက်ပါ။ ပြီးတော့ မင်းတို့ကို ငါသင်ထားတာတွေအားလုံး သူတို့ကို ပြန်သင်ပေးလိုက်ကြ။ ငါကလည်း မင်းတို့နဲ့အတူ အမြဲတမ်း ရှိနေမယ်ဆိုတာ မှတ်ထားလိုက်။ ဘုရားသခင်က လူသားတွေကိုကယ်တင်ဖို့ ကယ်တင်ရှင်လွှတ်ပေးလိုက်မယ့်အကြောင်းကို လွန်ခဲ့တဲ့နှစ်တော်တော်များများကတည်းက ကျမ်းစာထဲမှာ ရေးထားပါတယ်။ ယေရှုကိုကြည့်လိုက်ရင်လည်း ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်အစစ်ဆိုတာ သိနိုင်ပါတယ်။ "အပျိုစစ်စစ်တစ်ယောက်က အဲဒီကယ်တင်ရှင်ကို ကိုယ်ဝန်ဆောင်ရမယ်" ဆိုတာလည်း တကယ်ဖြစ်လာခဲ့တယ်။ မာရိလို့ခေါ်တဲ့အပျိုစစ်စစ်တစ်ယောက်က ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့် ယေရှကိုမွေးဖွားလာခဲ့တယ်။ အပျိုစစ်စစ်က သားတစ်ယောက်ကိုမွေးပြီဆိုတဲ့အဓိပ္ပာယ်က ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင် ရောက်ပြီဆိုတဲ့အံ့ဩဖွယ်ရာနိမိတ် လက္ခဏာပါပဲ။ ယေရှုကိုတွေ့လိုက်တာနဲ့ ဘုရားသခင်ဆိုတာ ဘယ်လိုဘုရားမျိုးလဲ၊ ဘယ်လောက်တန်ခိုးကြီးလဲဆိုတာ သိနိုင်ပါတယ်။ လူသားတွေရဲ့ရောဂါတွေကို ပျောက်ကင်းဖို့တော့ သူ့တန်ခိုးနဲ့ပဲအဆင်ပြေပေမယ့် ထာဝရအသက်ပေးဖို့တော့ သူ့အသက်ကိုပါစတေးပေးရတယ်။ အစတေးခံခဲ့ပေမယ့် ယေရှုရဲ့တန်ခိုးက သေမင်းရဲ့ တန်ခိုးထက်ပိုကြီးလို့ (၃)ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်ခဲ့တယ် ငါ့အသက်ကို ပေးလည်းပေးနိုင်တယ် ပြန်လည်း ယူနိုင်တဲ့တန်ခိုး ငါ့မှာ ရှိတယ်လို့ ယေရှုက ပြောခဲ့သေးတယ် ယေရှုရဲ့ဘဝဇာတ်ကြောင်းက ဘုရားသခင်ကြိုပြောထားတဲ့ကယ်တင်ရှင်ရဲ့ဘဝဇာတ်ကြောင်းအတိုင်းဖြစ်နေတယ်။ ဘုရားသခင်ကို မျက်စိနဲ့မမြင်ရပါဘူး။ ဒါပေမယ့် မျက်စိနဲ့မြင်ရတဲ့ယေရှုကိုကြည့်ရင်တော့ ဘုရားသခင်ကိုတွေ့တာနဲ့အတူတူပါပဲ။ ယေရှုစကားကိုကြားရင်လည်း ဘုရားသခင်စကားကိုကြားတာနဲ့အတူတူပါပဲ။ ကမ္ဘာဦးတုန်းက ဘုရားသခင်က သူနဲ့အတူ လောကကြီးကိုထာဝရအုပ်စိုးဖို့ အာဒံနဲ့ဧဝကိုဖန်ဆင်းခဲ့တယ်။ ဒါပမယ့် သူတို့က ဘုရားသခင်စကားကို နားမထောင်လို့ ဘုရားသခင်ဆီက ထွက်သွားလိုက်ရတယ်။ အာဒံတို့က ဘုရားသခင်စကားကို နားမထောင်လို့ သူ့တို့ရဲ့သွေးသားဖြစ်တဲ့လူအားလုံးလည်း အလိုလိုအပြစ်ရှိသွားကြတယ်။ ဘုရားသခင်နဲ့လည်း ဝေးကြရတယ်။ သေခြင်းနဲ့လည်း တွေ့ကြရတယ်။ အာဗြဟံရဲ့သားသေရမယ့်အစား သေပေးဖို့ ဘုရားသခင်က သိုးတစ်ကောင်ပေးခဲ့သလို လူသားအားလုံးသေရမယ့်အစား သေပေးဖို့ ​ဘုရားသခင်က ယေရှကို ပေးခဲ့ပါတယ်။ ယေရှုဟာ လူသားတွေရဲ့အပြစ်ကြောင့် လက်ဝါးကားတိုင်မှာ အသေခံတယ်၊ သင်္ဂြိုလ်တယ်၊ ရှင်ပြန်ထမြောက်တယ်ဆိုတာကို ယုံကြည်လက်ခံတဲ့လူတိုင်း အပြစ်မရှိတော့လို့ အပြစ်ကြောင့်သွားရမယ့်ငရဲကိုလည်း သွားစရာမလိုတော့ဘဲ ဘုရားသခင်ဆီကို သွားနိုင်ပါတယ်။ အဲ့ဒီမှာ ဘုရားသခင်နဲ့လည်း ပြန်တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လည်း ထာဝရအသက်ရှင်သွားနိုင်မယ်။ ယေရှုက "နောင်တရရင် ဘုရားသခင်က ခွင့်လွှတ်ပေးမယ့်အကြောင်းတွေရယ်၊ မင်းတို့ သိထားသမျှ ငါ့အကြောင်းတွေရယ် တစ်လောကလုံးကိုသွားပြီး ပြောပြဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် ခဏစောင့်ဦး မသွားနဲ့ဦး။ ဘုရားသခင်ဆီက တန်ခိုးမရခင်တော့ မသွားကြနဲ့ဦး။ အဲဒီတန်ခိုးရပြီးတော့မှသွား။" လို့ သူ့တပည့်တွေကို ပြောတယ်။ မိန်းမပျက်တစ်ယောက်က နောင်တရပြီး ယေရှုရဲ့တပည့်ဖြစ်သွားတယ်။ ယေရှုကလည်း သူ့ရဲ့ယုံကြည်မှုကိုမြင်တော့ သူ့အပြစ်တွေကို ခွင့်လွှတ်ပေးလိုက်တယ်။ ဘယ်လိုလူပဲဖြစ်ဖြစ် နောင်တရပြီး ယေရှုကို ကယ်တင်ရှင်လို့ယုံရင်၊ ယေရှုကို လက်ခံရင်၊ ယေရှုရဲ့တပည့်ဖြစ်သွားပြီး ကယ်တင်ခြင်းခံရမယ်။ ယေရှုမှာ အဲဒီလိုကယ်နိုင်တဲ့တန်ခိုး ရှိတယ်။ ဘုရားသခင်ရဲ့သားသမီးအဖြစ် ရွေးချယ်ခံထားရတဲ့သူတွေက ဒီလိုလွယ်လွယ်လေးပဲ ဆုတောင်းတတ်ကြတယ်။ အပြစ်ကြောင့် ငရဲသွားရတော့မယ့်နတ်ဆိုးရဲ့သားသမီးဖြစ်တဲ့ကျွန်တော် ကျွန်မတို့ကို ဘုရားသခင်ကချစ်ပြီး သူ့ရဲ့သား၊ သမီးအဖြစ် ကယ်တင်လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ အပြစ်ကြောင့် အပြစ်ပေးခံရတော့မယ့်ကျွန်တော်တို့၊ ကျွန်မတို့အစား အပြစ်ကင်းတဲ့ယေရှုက လက်ဝါးကားတိုင်ပေါ်မှာ အစတေးခံပေးခဲ့၊ အသက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ယေရှုသေဆုံးသွားပြီး အသက်ပြန်ရှင်လာတာကိုလည်း ယုံကြည်ပါတယ်။ လက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့၊ ကျွန်မတို့အပေါ်မှာထားတဲ့ ယေရှုရဲ့ချစ်ခြင်းမေတ္တာက ကြီးမားလှပါတယ်။ ဘုရားသခင်ကလည်း ကျွန်တော်တို့၊ ကျွန်မတို့ကို ထာဝရသား၊ သမီးတွေဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ လမ်းမှားတတ်တဲ့သားတို့၊ သမီးတို့ကို လမ်းမှန်ရောက်အောင် လမ်းပြပေးပါ။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်းအသက်ရှင်ဖို့ သားတို့၊ သမီးတို့ကို သွန်သင်၊ ဆုံးမပေးပါ။ ကမ္ဘာအဆက်ဆက် ဘုရားသခင်ဘုန်းကြီးပါစေ။ အာမင်။ ယေရှုက "ငါ့သိုးတွေအကြောင်း ငါကောင်းကောင်းသိတယ်။ သူတို့က ငါ့စကားကို နားထောင်ပြီး ငါ့နောက်ကိုလိုက်ကြတယ်" လို့ ပြောတယ်။ အဲဒီသိုးတွေလိုပဲယေရှုရဲ့တပည့်တွေကယေရှုကိုချစ်လို့ သူနဲ့နေ့တိုင်းတွေ့ကြတယ်။စကားပြောကြတယ်။ ယေရှုပြောတဲ့စကားတွေကိုလေ့လာသင်ယူမှတ်သားကြတယ် လိုက်နာကြတယ် ပြီးတော့သူတို့ရဲ့မိတ်ဆွေသူငယ်ချင်းတွေကိုချစ်လို့ သူတို့သိသမျှယေရှုအကြောင်းအားလုံးပြန်ပြောပြကြတယ်။ ယေရှုကလည်းကူညီလမ်းပြပေးဖို့ သန့်ရှင်းတဲ့၀ိညာဥ်တော် ကိုလည်း သူတို့ရဲ့နှလုံးသားတွေထဲမှာထည့်ပေးလိုက်တယ်။ ယေရှုအသက်ပြန်ရှင်ပြီးကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်ဆီကိုပြန်တက်တော့မယ့်အချိန်မှာဒီလိုပြောခဲ့တယ်။ စကြဝဠာကြီးတခုလုံးကိုအုပ်ချုပ်နိုင်တဲ့အခွင့်အာဏာငါရပြီ ငါကလည်း မင်းတို့နဲ့အတူ အမြဲတမ်း ရှိနေမယ်ဆိုတာ မှတ်ထားလိုက်။
JesusFilm